ပြည်ပ ဈေးကွက်မှာ ယှဉ်ပြိုင်ရောင်းချနိုင်စေဖို့
ထင်ရှားတဲ့ မှတ်တမ်းမှတ်ရာ အချို့အရ ရခိုင်ဒေသဟာ ပြည်ပနိုင်ငံများကို စစ်တွေဆိပ်ကမ်းမှ ၁၈၃၀ ခုနှစ်အတွင်း ဆန်၊ စပါးများကို စတင် တင်ပို့ရောင်းချခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ပြည်ပ ကို ၁၈၄၀ ခုနှစ်မှာ ဆန်တန်ချိန် ၇၄၅၀၀၊ ၁၈၅၅ ခုနှစ်မှာ ဆန်တန် ချိန် ၁၆၂၀၀၀၊ ၁၈၆၀ ခုနှစ်မှာ ဆန်တန်ချိန် ၁၂၄၀၀၀ ကိုလည်း ကောင်း၊ ပြည်ပကိုတင်ပို့ရောင်းချခဲ့တာ ကို တွေ့ရှိရပါတယ်။ ထို အချိန်ကာလမှာ ဒေသရဲ့လိုအပ်တဲ့ဝမ်းစာထက် ပိုလျှံစွာထုတ်လုပ်နိုင် ခဲ့လို့ ပြည်ပကိုတင်ပို့ရောင်းချနိုင်ခဲ့ တယ်လို့ သုံးသပ်နိုင်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ နိုင်ငံတော်ရဲ့ဆန်စပါး မူဝါဒသစ်အရ ဆန်စပါးကို နိုင်ငံ တော်ကဝယ်ယူခြင်းမပြုဘဲ ပုဂ္ဂလိကကုန်သည်များကသာ လွတ်လပ် စွာ ဝယ်ယူကြိတ်ခွဲရောင်းချမှုကို ခွင့်ပြုခဲ့တဲ့အခါ ၂၀၀၈-၂၀၀၉ ခုနှစ် မှာ ဆန်တန်ချိန် ၂၃၁၆ ကိုသာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောင်းချနိုင်ခဲ့ တာကို တွေ့ရှိရပါတယ်။ ပြည်ပကို တင်ပို့ရောင်းချမှု အလွန်ကျဆင်း သွားတာကို တွေ့မြင်နိုင်ပါတယ်။ပြည်ပကို ဆန်တင်ပို့မှုပြုလုပ်ကြပါလို့ သက်ဆိုင်ရာ အာဏာ ပိုင်နဲ့ ဌာနဆိုင်ရာက ပုဂ္ဂလိကကုန်သည်များကို တိုက်တွန်းပါသော် လည်း တစ်ပြေးညီဆန်အရည်အသွေး (Uniform Quality)၊ တစ် ပြေးညီအလေးချိန်(Uniform Weight)တို့ကို စက်ပိုင်များက မထုတ် လုပ်နိုင်ခြင်း၊ ပြည်တွင်းဆန်ဈေး Local Price ကြီးမြင့်ခြင်း၊ ထို့ကြောင့် ပြည်ပကိုမရောင်းနိုင်ပါဆိုတဲ့ အဖြေကိုသာရခဲ့ ပါတယ်။ ဆန်စက်ပိုင်ရှင် များအနေနဲ့ အဆင့်အတန်းမီ ဆန်ကြိတ်ခွဲပေးပါရန် သင့်တင့်မျှတတဲ့ ဆန်ဈေးနှုန်းနဲ့ ရောင်းဝယ်ပါလို့ တိုက်တွန်းခဲ့သော်လည်း စပါးအရည် အသွေးမကောင်းခြင်း၊ ခေတ်မီစက်ကိရိယာများကို မဝယ်နိုင်သေး ခြင်း၊ စပါးကို ဒေသဆိုင်ရာ ကာလပေါက်ဈေးနဲ့ ဝယ်ယူရခြင်းကြောင့် ဈေးလျှော့ရောင်းချမှုအခက်အခဲရှိတယ် ဟူသော အခြေအနေကို ရရှိ ခဲ့ပါတယ်။အရည်အသွေးရှိတဲ့စပါးများကို ထုတ်လုပ်ပေးပါရန် တောင် သူများကို တိုက်တွန်းသော် လည်း မျိုးစပါးရရှိဖို့ မလွယ်ကူခြင်း၊ သွင်း အားစု မသွင်းနိုင်ခြင်း၊ ရသင့်ရထိုက်တဲ့ စပါးဈေးနှုန်းကို မရသေးခြင်း ဟူသော အဖြေကိုသာ ရရှိခဲ့ပါတယ်။မိမိဒေသထွက်ပိုလျှံတဲ့ ဆန်၊ ဆန်ထွက်ပစ္စည်းများကို ပြည်ပကို ပမာဏများပြားစွာ ရောင်းချနိုင်ပါက ဒေသတွင်းနေထိုင်သူ အားလုံး ကို အကျိုးစီးပွားဖြစ်ထွန်းစေမှာ ဖြစ်ပါ တယ်။ ပြည်ပဈေးကွက်မှာ ယှဉ်ပြိုင်ရောင်းချနိုင်ဖို့အတွက် အဆင့်အတန်းမီဆန် များကို ကာလ ပေါက်ဈေးနဲ့ ရောင်းချနိုင်ဖို့ ပြင်ဆင်ရမှာဖြစ်ပါတယ်။ နိုင်ငံတကာ ပေါက်ဈေးနဲ့ ရောင်းချနိုင်ဖို့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ် ကို လျှော့ချဖို့လိုအပ်လျက်ရှိပါတယ်။ ဆန်စပါးအရည်အသွေးကို မြှင့် တင်ရန် လိုအပ်လျက်ရှိပါတယ်။ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချရာမှာ မဖြစ်မနေဆောင် ရွက်ရမယ့် အချက်များကတော့ - - ကောက်စောစပါးများ ထွက်ပေါ်တဲ့အခါ သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ တောင်သူထံမှ စုဆောင်းဝယ်ယူရန်။ - ဈေးနှုန်းအာမခံချက်ကို တောင်သူများကို ကြိုတင်အသိပေး ထားရန်။ - တစ်ဧကစပါးအထွက်နှုန်း တိုးမြှင့်အောင်ဆောင်ရွက်ရန်။ - စပါးကြိတ်ခွဲခ သက်သာရန်။ - မလိုအပ်ဘဲ အတင်အချ အကြိမ်ကြိမ် ဆောင်ရွက်ခြင်း၊ အကြိမ်ကြိမ် သယ်ယူခြင်းတို့ကို မပြုလုပ်ရန်။ - စပါးကြိတ်ခွဲစက်မှ ဆန်၊ ဆန်ထွက်ပစ္စည်းများ အထွက်နှုန်း ပြည့်မီစေရန်။ - အရည်အသွေးမမီလို့ အကြိမ်ကြိမ်ဖွပ်၊ သန့်စင်၊ ချိန်၊ ချုပ်၊ အိတ်ခွံလဲခြင်းများမဖြစ်ပေါ်အောင် ကြိုတင်စီစဉ်ဆောင်ရွက် ရန်။ - တောင်သူကို အတိုးနှုန်းသက်သာတဲ့ ချေးငွေ၊ ကောင်းမွန်တဲ့ မျိုး၊ ဈေးသက်သာပြီး စစ်မှန်တဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ် ဆေးများဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ဖို့တို့ဖြစ်ပါတယ်။၂၀၁၂ ခုနှစ် မတ်လအတွင်း ဧည့်မထ ၂၅ မှတ် ဆန် ၅၀ ကီလီုတစ်အိတ်ကို စစ်တွေပေါက်ဈေး ၁၃၀၀၀ ကျပ်ဖြစ်ပါတယ်။ ယင်းဧည့်မထ ၂၅ မှတ်ဆန် ၅၀ ကီလိုတစ်အိတ်ကို C & F စနစ်နဲ့ ရောင်းချပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့အရောက် ၁၁၅၀၀ ကျပ်သာရရှိပါတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ဆန်တစ်အိတ် ပေါ်မှာ ၁၅၀၀ ကျပ်လျော့ကျအောင်လုပ်နိုင်မှ အရင်းကာမိမှာဖြစ်ပါ တယ်။လက်ရှိဆန်စပါး အရည်အသွေးကို မြှင့်တင်ရာမှာ မဖြစ်မနေ ဆောင်ရွက်ရမယ့် အချက်များကတော့ - - တောင်သူ၊ ကုန်သည် သင့်တင့်မျှတတဲ့ ဆန်စပါးဈေးနှုန်း များနဲ့ အရောင်းအဝယ်ဖြစ်စေဖို့နဲ့ အရည်အသွေးကောင်း ရင် ကောင်းသလောက် ဈေးနှုန်းတိုးမြှင့်ဝယ်ယူတဲ့ လက် ကား၊ ကုန်စည်ဒိုင်များကို ရခိုင်ပြည်နယ်ရဲ့ လိုအပ်တဲ့နေရာ များမှာ ဖွင့်လှစ်ရန်။ - ကိုင်တွယ်ခြင်း၊ စုပုံခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူခြင်း၊ ကြိတ်ခွဲခြင်းဆောင်ရွက်ရာမှာ မျိုးကွဲစပါးများ ရောနှော ခြင်းမဖြစ်အောင် စီမံရန်။ - အပြင်စုပုံခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်းများကို လိုက်နာ ဆောင်ရွက်ရမယ့်အချက်များကို သတိပြုဆောင်ရွက်ရန်။ - ရေစိုမိုးမိမဖြစ်စေရန်နဲ့ ဖြစ်ပေါ်ပါက ဆောင်ရွက်ရမယ့် အချက်များကို လိုက်နာဆောင်ရွက်ရန်။ - နိုင်ငံတကာဈေးကွက်မှာ ရောင်းပန်းလှပြီး၊ မိမိဒေသနဲ့ ကိုက်ညီတဲ့ စပါးမျိုးများကို ပြောင်းလဲစိုက်ပျိုးရေး ဆောင် ရွက်ရန်။ - ခေတ်မီစက်ပစ္စည်းကိရိယာများ ဝယ်ယူဖို့ ကြိတ်ခွဲရန်တို့ ဖြစ်ပါတယ်။အထက်ဖော်ပြပါ ထုတ်လုပ်ကုန်ကျစရိတ်လျှော့ချရေး၊ အရည် အသွေးမြှင့်တင်ရေး၊ ဈေးကွက်ရရှိရေးတို့ဟာ တောင်သူ၊ ကုန်သည်၊ စက်ပိုင်တို့ရဲ့ အဓိကတာဝန်များဖြစ်သလို ဒေသအာဏာပိုင်၊ ဌာန ဆိုင်ရာတို့ရဲ့ ပံ့ပိုးကူညီမှုကိုလည်း လိုအပ်ပါတယ်။ စတင်ဆောင် ရွက်ရမယ့် အချိန်ကာလမှာ ယခုပင်ဖြစ်ပါတယ်။ အသင်းအဖွဲ့ အစု အထူးပြုကုမ္ပဏီအစရှိတာတို့ရဲ့ ဖွဲ့စည်းမှုအရေအတွက်ကို ယခုထက် တိုးမြှင့်ရမှာဖြစ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းကိရိယာ၊ ငွေ၊ နည်းပညာတို့ ကိုမူ ယင်းအသင်းအဖွဲ့၊ အစုအထူးပြုကုမ္ပဏီများရဲ့ တွေ့ဆုံညှိနှိုင်း မှုကို အကြိမ်ကြိမ်ပြုလုပ်ခြင်းနဲ့ သင့်လျော်တဲ့အတိုင်းအတာ အဖြေရ လဒ်တို့ ရရှိလာမှာဖြစ်ပါတယ်။ မျှော်မှန်းတဲ့အတိုင်း အောင်မြင်မှုကို ရရှိဖို့မှာ ယင်းအစုအဖွဲ့ ဝန်းကျင်မှာပါဝင်တဲ့ ပုဂ္ဂိုလ်များရဲ့ အမြော် အမြင်၊ စေတနာ၊ အားထုတ်မှုတို့အပေါ်မှာ မူတည်မှာဖြစ်ပါတယ်။
