မြို့ပြလေထုညစ်ညမ်းမှု တိုင်းတာခြင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး
ယခု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ကစပြီး ပေကျင်းမြို့တော် မြူနီစပယ်ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဗျူရို(Beijing Municipal Environmental Protection Bureau-EPB) ရဲ့ ဝက်ဘ်ဆိုက်ေ ပါ်မှာ ပေကျင်းမြို့ရဲ့ ပျမ်းမျှနေ့စဉ် လေထု အရည်အသွေး အခြေအနေဖြစ်တဲ့ PM 2.5 ကို ကြည့်ရှုနိုင်ပါတယ်။ PM 2.5 ဆိုတာ PM 2.5 microns အချင်းရှိတဲ့ လေထုအကျယ်အဝန်း လေးထဲမှာ လေထုညစ်ညမ်းစေတဲ့ အလွန်သေး ငယ်တဲ့အမှုန် (Fine particles)ရဲ့သိပ်သည်းဆကို ဆိုလိုပါတယ်။ အဲဒီသေးငယ်တဲ့အမှုန်တွေဟာ လူ တွေရဲ့နှာခေါင်းကရှူသွင်းတဲ့ေ လထဲကနေ အဆုတ် နဲ့သွေးကြောတွေထဲအထိ ဝင်ရောက်နိုင်ပြီး ရောဂါ အမျိုးမျိုးကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် PM 2.5 အတွင်း အမှုန်သိပ်သည်းဆများနေရင် လေထု ဟာ ပိုပြီးညစ်ညမ်းနေတယ်လို့ ဆိုနိုင်ပါတယ်။တရုတ်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနက ၂၀၁၀ ပြည့်နှစ်အတွက် ပေကျင်းမြို့ လေထုရဲ့ PM 2.5 ကို တစ်ကုဗမီတာမှာ ၃၅micrograms ရှိအောင်ဆောင်ရွက်ကြဖို့ သတ်မှတ် ပေးခဲ့ပေမယ့် လက်တွေ့မှာ ၇၀-၈၀ micrograms အထိရှိခဲ့တယ်လို့ သိရပါတယ်။တရုတ်နိုင်ငံလေကြောင်း ရူပဗေဒနည်းပညာ တက္ကသိုလ်မှ သုတေသီတစ်ဦးဖြစ်တဲ့ ဝေါင်ယူစီရဲ့ လေ့လာချက်အရ ၁၉၉၈ ခုနှစ်ကစပြီး ပေကျင်းမြို့ ရဲ့ PM 2.5 ဟာ တစ်နှစ်ကို ၃-၄ ရာခိုင်နှုန်း လောက်တိုးနေတယ်လို့ဆိုပါတယ်။ သူက ပေကျင်း မြို့မှာ မော်တော်ယာဉ်တွေ များပြားလာတဲ့အပြင် ကြီးမားတဲ့ စက်မှုလုပ်ငန်းတွေကြောင့်လည်း လေ ထုအတွင်းညစ်ညမ်းတဲ့ အမှုန်သိပ်သည်းဆဟာ တိုးပွားလာနေရတယ်လို့ ထောက်ပြထားပါတယ်။သိပ္ပံပညာရှင်တွေက လေထုတွင်း PM 2.5 သိပ် သည်းဆရဲ့ ၅၀ ရာခိုင်နှုန်းဟာ မော်တော်ယာဉ် တွေကထုတ်လွှတ်တဲ့ မီးခိုးတွေကြောင့်ဖြစ်ပြီး ၂၃ ရာခိုင်နှုန်းကတော့ လေထုထဲလွင့်ပါလာတဲ့ ဖုန်မှုန့် တွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ၂၀၀၆ ခုနှစ် ကနေ ၂၀၁၀ ခုနှစ်အတွင်း ရှန်ဟိုင်းမြို့ကြီးရဲ့ တစ် နှစ်ကို ပျမ်းမျှ PM 2.5 ဟာ တစ်ကုဗမီတာမှာ ၄၄-၅၃ micrograms အထိ ရှိတယ်လို့သိရပါ တယ်။ဒါကြောင့် မြို့ပြတွေမှာ PM 2.5 ရဲ့ အခြေ အနေကို သိရှိအောင်လုပ်ခြင်းဟာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းရဲ့ အရေးကြီးတဲ့လုပ်ငန်း တစ်ခု ဖြစ်လာပါတယ်။ မြို့နေလူထုတွေက မိမိမြို့ ရဲ့လေထုအခြေအနေကို ပိုမိုသိလိုလာကြပြီး ပတ် ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ စိတ်ဝင် စားလာကြပါတယ်။ နည်းပညာအရ PM 2.5 ကိုသိရှိဖို့ မခက်ခဲပေမယ့် အဲဒီ PM 2.5 ကို ရရှိ အောင် ဆောင်ရွက်ပေးတဲ့ ကွန်ပျူတာစနစ်ရဲ့ နည်းပညာစက်ပစ္စည်းတစ်စုံရဲ့ တန်ဖိုးဟာ ယွမ်ငွေ ၈၀၀၀၀ ကနေ ၃၈၀၀၀၀ အထိ ရှိပါတယ်။အမေရိကန်ဒေါ်လာနဲ့ဆိုရင် ဒေါ်လာ ၁၂၇၁၀ က နေ၆၀၃၇၀ အထိ ရှိပါတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ ခရိုင်မြို့ပေါင်း ၃၃၈ မြို့မှာ တပ်ဆင်မယ်ဆိုရင် ယွမ်ငွေ ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၁၈ သန်း) ခန့်ကုန်ကျနိုင်ပါတယ်။ လောလောဆယ်ပေ ကျင်းမြို့မှာ PM 2.5 စောင့်ကြည့်တဲ့ စခန်းတစ်ခု ပဲရှိပါသေးတယ်။ ယခု ၂၀၁၂ ခုနှစ်အတွင်းမှာမှ စခန်းပေါင်း ၃၀ အထိပါရှိတဲ့ ကွန်ရက်တစ်ခုကို တည်ထောင်သွားမယ်လို့ သိရပါတယ်။မြို့တစ်မြို့ရဲ့ PM 2.5 အခြေအနေကို သိရှိ ရပြီး လေထုညစ်ညမ်းမှု မြင့်မားနေရင် အဲဒီမြို့ သားတွေအနေနဲ့ ရှက်ဖို့မလိုပါဘူး။ အခြေအနေ မှန်ကိုသိရှိပြီး အဲဒီညစ်ညမ်းမှုကို ဖြေရှင်းရမယ့် နည်းလမ်းတွေကို ရှာဖွေကာ ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ရင် အခြေအနေ ကောင်းလာနိုင်ပါ တယ်။ ဥပမာ ပေကျင်းမြို့ မြူနီစပယ်အစိုးရဟာ မိမိမြို့ရဲ့လေထုညစ်ညမ်းမှုလျှော့ချရေး အစီအစဉ် တွေရေးဆွဲပြီး ကြပ်မတ်အကောင်အထည် ဖော် လာပါတယ်။ ငွေကြေးအနေနဲ့ ယွမ်ငွေ ၂ ဒသမ ၁ ဘီလီယံ သုံးစွဲပြီး လေထုညစ်ညမ်းလျှော့ချရေး အပြင် စွမ်းအင်ချွေတာရေး လုပ်ငန်းတွေ ကိုပါ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ယခုမတ်လ ကစပြီး အမှတ် ၅ နဲ့အမှတ် ၆ လမ်းမကြီးကြားမှာ သစ်ပင်ပေါင်း ၁၃၃၃၃ ဟက်တာကို စိုက်ပျိုးနေပါ တယ်။ ယခုနှစ် အတွင်း သက်တမ်းရင့် မော်တော် ယာဉ်အို၊ မော်တော်ယာဉ်ဟောင်း စုစုပေါင်း တစ် သိန်းငါးသောင်းခန့်ကို ဖျက်ဆီးပြီး သံရည် ကျိုပြန် ထုတ်လုပ်တဲ့လုပ်ငန်းမှာ အသုံးပြုသွားမယ်လို့သိရ ပါတယ်။ ကျောက်မီးသွေးလောင်စာနဲ့ အပူပေးတဲ့ ဘွိုင်လာတွေအစား တခြားသန့်ရှင်းတဲ့ စွမ်းအင် လောင်စာတွေနဲ့ အစားထိုးအပူပေးသွားဖို့ ဆောင် ရွက်လာပါတယ်။ ဓာတ်ဆီနဲ့ ဒီဇယ်ဆီတွေမှာ ဆာဖာဓာတ်ပါဝင်မှု လျော့နည်းစေဖို့ စံနှုန်းသစ် ဆိုင်ရာ စည်းကမ်းစည်းမျဉ်းတွေ ပြဋ္ဌာန်းလာပါ တယ်။ ဒီလိုလောင်စာဆီတွေမှာ ဆာဖာဓာတ် လျော့နည်းလာတဲ့အတွက် မော်တော်ယာဉ်တွေ ဟာ ဆာဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ် မှု လျော့ကျလာနိုင်ပါတယ်။ ဒါ့အပြင် ဥရောပမှာ ကျင့်သုံးတဲ့မော်တော်ယာဉ်တွေရဲ့ အင်ဂျင်တွေကို မီးခိုးထုတ်လွှတ် မှု လျော့နည်းစေတဲ့စနစ် (Euro Vemission Standards)နဲ့ ထုတ်လုပ်တဲ့ မော် တော်ယာဉ်တွေကိုသာ တင်သွင်းအသုံးပြုဖို့ ရည် မှန်းထားတယ်လို့ ဆိုပါတယ်။ ပေကျင်းမြို့တစ်မြို့ ထဲမှာ မော်တော်ယာဉ်အစီးပေါင်း ၅ သန်းအထိ ရှိနေတဲ့အတွက် အဲဒီယာဉ်တွေက ထုတ်လွှတ်တဲ့ မီးခိုးတွေနဲ့ပဲ PM 2.5 ကို မြင့်မားနေစေပြီး အဲဒီ မီးခိုးငွေ့တွေ လျော့ကျအောင် မနည်းလုပ်နေရ ကြောင်းပါခင်ဗျား။Ref:Yinpumin@bjreview.com
