Main menu

Background

ယခုအပတ်နယ်စပ်မှ ပြောင်းတန်ချိန် ၈၁၀၀ ကျော် အပို့ရှိ

Mon, 04/02/2012 - 09:16 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၁၀၅မိုင်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းများမှကန်ဒေါ်လာ ၂ ဒသမ ၄၃၂ သန်းတန်ဖိုးရှိ ပြောင်း ၈၁၂၅ တန်ကျော်ကို မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၉၁၂ တန်ကျော် နယ်စပ်မှ ပြောင်းအပို့ ပိုခဲ့ပါတယ်။ နယ်စပ် အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၄၃၉၃ တန်ကျော်၊ ချင်းရွှေဟော်မှ ၁၉၂၁ တန် ကျော်နဲ့ ကန်ပိုက်တီးမှ ၁၈၁၁ တန်ခန့် အသီးသီးအပို့ရှိခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-                                  မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                  ယခု        ယခင်      ပြောင်းလဲမှု    %    ယခု    ယခင်    ပြောင်းလဲမှု    %ပြောင်းဖူးစေ့    ၂၆၈၁၄၁    ၂၅၇၅၈၄    ၁၀၅၅၇         ၄     ၃၃၂    ၃၁၈        ၁၄           ၄MIRT (DOBT)