Main menu

Background

ဟင်္သာတ ပြောင်းဈေးကွက်

Mon, 04/02/2012 - 09:24 -- Anonymous (not verified)

    ၂၀၁၁-၁၂ ခုနှစ်ထွက် အစေ့ထုတ်ပြောင်းသီးနှံအား စိုက်ပျိုးဖို့ ဧက သုံးထောင် ခန့် လျာထားခဲ့သော်လည်း အမှန်စိုက်ပျိုးပြီးစီးမှုမှာ ဧက ၂၇၀၀ ကျော် ဖြစ်ပါတယ်။ ယခုအချိန်မှာ အစေ့ထုတ်ပြောင်း သီးနှံများလည်း စတင် ထွက်ပေါ်လာပြီဖြစ်လို့ ကုန်စည်ဒိုင်ဈေးကွက်ကို ဟင်္သာတမြို့အနီးရှိ ကျေးရွာများနဲ့ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များမှတရက်ပျမ်းမျှအိတ် ၁၀၀၀ ခန့်လာရောက်ရောင်းချကြတယ်လို့ သိရ ပါ တယ်။ ရန်ကုန်ဝယ်လက် ကုန်သည်ကြီးများရဲ့ ဝယ်လိုအားကြောင့် တစ်ရက်ကို ပျမ်းမျှအိတ် ၅၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ အစေ့ ထုတ်ပြောင်းဈေးနှုန်းများ ပိဿာ ၂၀ ဝင်တစ်တင်းကို ပေါ်စအချိန်မှာ ၅၂၀၀ ကျပ်ဈေးဖြစ်ပြီး၊ ယနေ့ ဈေးနှုန်း မှာတော့ ၄၈၀၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။              အေးအေးခိုင်