ခြောက်လတာမျှ ပဲပုပ်ဈေးကောင်းနေပြီးနောက် အမေရိကန်ရဲ့ ထုတ်လုပ်မှု တိုးလာပြီး တောင်သူတွေလည်း ပိုမိုစိုက်ပျိုး တာကြောင့် ဈေးနှုန်းများ ကျဆင်းသွား ကြောင်းနဲ့ ပြောင်းသီးနှံလည်း အလားတူဖြစ်ကြောင်း အစိုးရရဲ့ အစီရင်ခံစာများ မှာ ဖော်ပြထားပါတယ်။ အမေရိကန်ရဲ့ ပဲပုပ်အရံထားရှိမှုက မတ် ၁ ရက်မှာ ယခင် နှစ်ထက် ၉ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး ဘူရှယ် (၁ ဒသမ ၃၇) ဘီလီယံကို ရောက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးဌာန (USDA) ရဲ့အစီရင်ခံစာများမှာ ဖော်ပြထား ပါတယ်။ တောင်သူတွေကလည်း စိုက်ဧက သုည ဒသမ ၆ ရာခိုင်နှုန်းတိုးပြီး ဧက ၇၅ ဒသမ ၄၂၉ သန်းခန့်စိုက်ပျိုးဖွယ်ရှိကြောင်း သိရပါတယ်။ ဒီနှစ်မှာ အမြတ်ပိုရ နိုင်တာကြောင့် လူတွေမျှော်လင့်တာထက် တောင်သူတွေက ပဲပုပ်ပိုမိုစိုက်ပျိုးနို င် ကြောင်း ဈေးကွက်အကြံပေးပညာရှင်က ပြောကြားခဲ့ပါတယ်။ ချီကာဂိုကုန်သွယ် ရေးအသင်း မှာ မေလအတွက် ပဲပုတ်ဈေးနှုန်း က ၀ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဘူရှယ်ကို ၁၃ ဒသမ ၆၉ ဒေါ်လာရှိကြောင်း သိရပါတယ်။ ယခုလမှာတော့ ကမ္ဘာ့အကြီး ဆုံး စိုက်ပျိုးသူဖြစ်တဲ့ အမေရိကန်ထံမှ ရောင်းလိုအားထက် ဝယ်လိုအား ပိုတာကြောင့် ဈေးနှုန်းတွေ ၃ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း သိရပါတယ်။ ပဲပုပ်အပါအဝင် ကမ္ဘာ့ဆီထွက်သီးနှံမှာ (၁၀)မျိုးရဲ့ သိုလှောင်မှုက ၁၈ ရာခိုင်နှုန်းခန့် မြင့်တက်နိုင်ပြီး ကမ္ဘာဆီ အိုးကြီးဖြစ်တဲ့ တောင်အမေရိကမှာ ရာသီ ဥတုခြောက်သွေ့မှုကြောင့် ထုတ်လုပ်မှုကျဆင်းနိုင်ကြောင်း သုတေသီများက ပြော ကြားပါတယ်။ အမေရိကန်တင်ပို့သူတွေကတော့ တရုတ်ကို ပဲပုပ်တန်ချိန် ၁၂၀၀၀၀ ရောင်းချခဲ့ပြီးဖြစ်ကြောင်း USDA က ပြောကြားပါတယ်။ မေလမှာ ပြောင်းဈေး နှုန်း ၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး တစ်ဘူရှယ်ကို ၆ ဒသမ ၃၁ ဒေါ်လာ ကို ရောက်ရှိနိုင်ပြီး ယခုလမှာတော့ ဈေးနှုန်း ၄ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ အမေရိကန်က ယခုနှစ်မှာ ပြောင်းနဲ့ ပဲပုပ် နှစ်မျိုးလုံး အများဆုံးတင်ပို့သူ ဖြစ်ကြောင်း အစိုးရရဲ့ခန့်မှန်းချက်အရ သိရပါ တယ်။ ပြောင်းက အမေရိကန်ရဲ့ အများဆုံး သီးနှံဖြစ်ပြီး ၂၀၁၁ မှာ ဝင်ငွေဒေါ်လာ ၇၆ ဒသမ ၅ ဘီလီယံရရှိခဲ့ပြီး ပဲပုတ်က ဒုတိယနေရာလိုက်ကာ ဝင်ငွေဒေါ်လာ ၃၅ ဒသမ ၈ ဘီလီယံရရှိခဲ့ ကြောင်း USDA ရဲ့စာရင်းများအရ သိရပါတယ်။Source: Internet, K.Z.W
Background