Main menu

Background

ပင်လယ်ရေကြောင်း အပို့ကများ

Mon, 04/02/2012 - 09:42 -- Anonymous (not verified)

    မတ်လ ၁၈ ရက်မှ ၂၄ ရက်မှအထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၁၁၆ တန်၊ တန်ဖိုး ဒေါ်လာ ၄ ဒသမ ၀၁၉ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၄၀၀ ခန့် အပို့လျော့ခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှု တွေကတော့ မလေးရှားကို ၃၀၉ တန်၊ ဗီယက်နမ်ကို တန် ၄၀၀ နဲ့ စင်္ကာပူကို ၄၀၇ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးအနေနဲ့ တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ်ကနေ တန် ၁၅၀၀ ကျော်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ RSS-3 တစ်တန်ကို ကန်ဒေါ်လာ (၃၅၀၀-၃၆၀၀) နဲ့ RSS-5 တစ်တန်ကို ကန်ဒေါ်လာ (၃၄၀၀-၃၅၀၀) ကြား ဈေးရလျက်ရှိပါတယ်။                                                                                                   K.Z.W