Main menu

Background

နယ်စပ်မှ ရော်ဘာတန် ၁၅၃၀ ကျော် အပို့ရှိ

Mon, 04/02/2012 - 09:44 -- Anonymous (not verified)

    မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ ထိုင်းနယ်စပ်ရှိ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၆၈၁ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၅၃၆ တန်ကျော် အပို့ ရှိခဲ့ ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၅၅၃ တန်ကျော်၊ ချင်းရွှေဟော်မှ ၉၃၃ တန်ခန့်နဲ့ မြိတ်နယ်စပ်မှ တန် ၅၀ အသီးသီးဖြစ်ပါတယ်။ အဆင့်အလိုက်တင်ပို့နိုင်မှုများမှာ မူဆယ်မှ RSS-2 တန် ၃၀၊ RSS-3  ၁၇၃ တန်ကျော်၊ RSS-5  တန် ၇၀၊ MSR-50  ၅၂ တန်ကျော်နဲ့ MSR-20 ၂၂၈ တန်ခန့်၊ ချင်းရွှေဟော်မှ RSS-3  ၉၀၃တန်ကျော်၊ MSR-20   တန် ၂၀၊ MSR-50  ၉ တန်ကျော်နဲ့ မြိတ်နယ်စပ်မှ RSS-3  တန် ၅၀ ခန့် ဖြစ်ပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ်လျှင် ၃၈၄ တန် လျော့နည်းခဲ့ပါတယ်-                                   မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                           ယခု              ယခင်     ပြောင်းလဲမှု    %       ယခု     ယခင်    ပြောင်းလဲမှု    %RSS - 3    ၃၀၇၂၀၀၀    ၃၀၄၈၀၀၀       ၂၄၀၀၀    ၀ .၈    ၃၈၄၀      ၃၈၁၀    ၃၀          ၀ .၈RSS - 5    ၂၉၄၄၀၀၀    ၂၉၂၁၀၀၀       ၂၃၀၀၀    ၀ .၈    ၃၆၈၀     ၃၆၅၁    ၂၉            ၀ .၈ MIRT (DOBT)