Main menu

Background

တာယာလုပ်ငန်းသုံး ရော်ဘာအား အင်ဒိုနီးရှားထံမှ ဈေးချိုချိုနှင့် အိန္ဒိယဝယ်ယူနေ

Mon, 04/02/2012 - 09:50 -- Anonymous (not verified)

    အိန္ဒိယမှာ ရော်ဘာပြည်တွင်းဈေးတွေမြင့်တက်နေတာကြောင့်ကမ္ဘာ့ဒုတိယအများဆုံးသုံးစွဲသူဖြစ်တဲ့ အိန္ဒိယအနေနဲ့ တာယာထုတ်လုပ်တဲ့ ရော်ဘာအမျိုးအစားကို ပိုပြီးဈေးချိုတဲ့ အင်ဒိုနီးရှားထံက ဝယ်ယူရန် စဉ်းစားနေပြီး တရုတ်နိုင်ငံကတော့ ၎င်းနိုင်ငံအတွင်းမှ လံုံလုံလောက်လောက်ရရှိနေတာကြောင့် အနည်းငယ်သာအဝယ်ရှိကြောင်း ကုန်သည်များက ပြောကြား ပါတယ်။ တရုတ်ကတာယာလုပ်တဲ့ ရော်ဘာအမျိုးအစားကို မလေးရှားဆီက အနည်းငယ်ဝယ်ယူနေပေမယ့်လည်း လုံလုံ လောက်လောက် ရောင်းချပေးနိုင်တဲ့ ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားဆီကနေ ပြန်လှည့်ပြီးဝယ်နေကြောင်း သိရပါတယ်။ ရှန်ဟိုင်းမှာရှိတဲ့ ရော်ဘာသိုလှောင်ရုံတွေမှာ လက်ကျန်ပမာဏဟာ ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက အမြင့်ဆုံးအဆင့်ရှိခဲ့ပြီး ကွမ်ကျိုးမှာရှိတဲ့ သိုလှောင်ရုံတွေမှာတော့ ပျမ်းမျှခြင်းတန် ၂ သိန်းခန့်ရှိကြောင်း သိရပါတယ်။ တရုတ်ဝယ်လက်တွေက မလေးရှား SMR-20  အမျိုးအစားကို FOB ဈေးတစ်ကီလို ၃ ဒသမ ၈၂ ဒေါ်လာနှုန်းနဲ့ ဝယ်ယူခဲ့ပြီး ဇန်နဝါရီမှာ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားကနေ တရုတ်ရဲ့ တင်သွင်းမှုက ၁၃၅၄၆၀ တန်ရှိကာ ယခင်နှစ်အလားတူကာလထက် ၈ ဒသမ ၁ ရာခိုင်နှုန်းကျ ဆင်းခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယကတော့ ယခုရာသီမှာ အဝယ်အများဆုံး ဖောက်သည်ဖြစ်ကြောင်း ကွာလာလမ်ပူမှ ကုန်သည် များက ပြောကြားပါတယ်။ အိန္ဒိယက အင်ဒိုနီးရှားထံမှာ SMR-20 အမျိုးအစားကို စင်္ကာပူမှာ ဧပြီလ FOB ဈေးတစ်ကီလို ၃ ဒသမ ၇၂ ဒေါ်လာနဲ့ မေလဈေးနှုန်း ဒေါ်လာ ၃ ဒသမ ၉၅ နဲ့ ဝယ်ယူကြောင်း သိရပါတယ်။    အိန္ဒိယရဲ့ ရော်ဘာတင်သွင်းမှုက ဖေဖော်ဝါရီလမှာ ယခင်နှစ်အလားတူကာလထက် ၁၇၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ရော်ဘာအသင်းက ပြောကြားခဲ့ပါတယ်။ အိန္ဒိယက ကမ္ဘာ့စတုတ္ထအကြီးဆုံး ရော်ဘာ ထုတ်လုပ်သူဖြစ်ပြီး ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်ထံမှ ရော်ဘာတင်သွင်းကြောင်း သိရပါတယ်။ SMR-20  အမျိုးအစားကို တစ်ပေါင် ( ၁ ဒသမ ၇ - ၁ ဒသမ ၇၁) ဒေါ်လာကြား ရောင်းချပေမယ့် ဧပြီလ ကုန်ပစ္စည်းဈေးတွေကတော့ အင်ဒိုနီးရှားမှာ ပစ္စည်းတွေစုပုံနေတာကြောင့် ၁ ဒသမ ၆၆ ဒေါ်လာအောက်ကို ဈေးကျမှာဖြစ်ကြောင်း သိရပါတယ်။ ထိုင်းရဲ့ RSS-3 အမျိုးအစားကတော့ ဇူလိုင်လသင်္ဘော တင် ဈေးတစ်ကီလိုကို ၃ ဒသမ ၉၇၅ ဒေါ်လာရှိကြောင်း သတင်းရရှိပါတယ်။Source: Business Recorder,K.Z.W