Main menu

Background

ရာသီဥတုကြောင့် ကမ္ဘာ့ရော်ဘာဈေးနှုန်းအရှိန်အဟုန်နှင့် တက်နိုင်

Mon, 04/02/2012 - 09:51 -- Anonymous (not verified)

    ထိပ်တန်းရော်ဘာထုတ်လုပ်တဲ့ နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ ရာသီဥတု မကောင်းတာကြောင့် အထွက်နှုန်းကျနိုင်တဲ့အပြင် အိန္ဒိယမှာလည်း ရောင်းလိုအားဝယ်လိုအားကွာဟချက် ကြီးထွားလာနိုင်တာကြောင့် ကမ္ဘာ့ေ ရာ်ဘာ ဈေးနှုန်းတွေ အရှိန်အဟုန်နဲ့ မြင့်တက်ဖွယ်ရှိကြောင်း သိရပါတယ်။ တတိယစီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယရဲ့ ဝယ်လိုအား ကြောင့်ယခုနှစ်မှာရော်ဘာပြတ်လပ်မှုတန်ချိန် ၁ သိန်းဝန်းကျင်ခန့်ရှိကြောင်း သိရပါတယ်။ ဒါပေမယ့် ယခုနှစ်မှာတော့ တရုတ် နိုင်ငံက ပြည်တွင်းထုတ်လုပ်မှုမြင့် တက်လာတာကြောင့် ဝယ်လိုအားကျဆင်းနိုင်ပါတယ်။ တရုတ်ပြည်တွင်း ထုတ်လုပ်မှုမြင့်တက် လာတာကြောင့် ဘန်ကောက်ရဲ့ဈေးနှုန်းက လွန်ခဲ့တဲ့တစ်လမှာ ဈေးကျဆင်းခဲ့တယ်လို့ အစီရင်ခံစာများ မှာ ဖော်ပြ ထားပါတယ်။ ဗီယက်နမ်စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ ဗီယက်နမ်အနေနဲ့ ယခုနှစ်မှာ ပို့ကုန်စံချိန်တင်ပြီး တန်ချိန် ၈၈၃၀၀၀ တန်တင်ပို့ကာ နှစ်စဉ်လျာထားချက် တန်ချိန် ၈၃၀၀၀၀ တန် ရှိပြီး တရုတ်နဲ့ အိန္ဒိယကို အဓိကတင်ပို့ နေရတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနဲ့ တရုတ်ရဲ့ ရော်ဘာဈေးနှုန်း ကတော့ နောက်ထပ် ၂ နှစ်လောက်မြင့်တက် ဖွယ်ရှိ ကြောင်းသိရပါတယ်။တိုကျိုကုန်စည်ဒိုင် (TOCOM))မှာတော့ မတ်လအတွက်ဈေးနှုန်းက တစ်ကီလိုကို ၃၁၀ ယွမ် (၃ ဒသမ ၈၇ ဒေါ်လာ) ဖြစ်ပြီးအိန္ဒိယအမျိုးသား ကုန်စည်ဒိုင် (NMCE) မှ ဧပြီလအတွက် အရောင်းအဝယ်ဈေးက တစ်တန်ကို ၁၉၆၉၀၀ ရူပီး (၃၉၃၈ ဒေါ်လာ) ဈေးပေါက်ကြောင်း သတင်းရရှိပါတယ်။    Source: Commodity online,K.Z.W