Main menu

Background

ကမ္ဘာ့သကြား လိုအပ်ချက်က အိန္ဒိယအတွက် အကျိုးများနေ

Mon, 04/02/2012 - 09:54 -- Anonymous (not verified)

    အစိုးရအဖွဲ့က ၂၀၁၁-၂၀၁၂ ဈေးကွက်နှစ်မှာ သကြားတန်ချိန် ၁ သန်းတင်ပို့ဖို့ အတည်ပြုလိုက်တာကြောင့် အိန္ဒိယ သကြားကုန်သည်များနဲ့ တောင်သူများ ပျော်ရွှင်နေကြောင်း သိရပါတယ်။ ဒီဆုံးဖြတ်ချက်က လက်ရှိအချိန်မှာ ကမ္ဘာ့ သကြား ရောင်းလိုအား ပြတ်လပ်နေတာကြောင့် တောင်သူတွေဝင်ငွေတိုးပြီး အကျိုးအမြတ်ပိုမိုရ ရှိမှာဖြစ်ပါ တယ်။ ရောင်းလိုအားကို ဦးဆောင်တဲ့ ဘရာဇီးအပါအဝင် ကမ္ဘာ့သကြားထုတ်လုပ်သူတွေရဲ့ ဝယ်လိုအားတွေမြင့်တက် လာခြင်းက ၂၀၁၁-၂၀၁၂ မှာ ထုတ်လုပ်မှုစံချိန်တင်ခဲ့တဲ့ အိန္ဒိယကို အကျိုးအမြတ်တွေဖြစ်ထွန်းစေခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယက တန်ချိန် ၂၆ သန်းဝန်း ကျင်ထုတ်လုပ်ဖို့ ရည်မှန်းထားပြီး သုံးစွဲမှုက တန်ချိန် ၂၂ သန်းရှိကြောင်း သိရပါတယ်။ ယခု အချိန် လက်ရှိဈေးကွက်နှစ်မှာတော့ အိန္ဒိယက သကြားတန်ချိန် ၂ သန်း တင်ပို့ခွင့်ပြုထားကြောင်း သိရပါတယ်။ Source: Commodity online,K.Z.W