တစ်ပတ်အတွင်း အားကစားသတင်းတိုများ
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် မိမိတို့သည် ဆန်စီရို၌ အေစီမီလန်အား အနိုင်ရရန် အခွင့်အရေးများရရှိခဲ့သော်လည်း ဂိုးမရှိသရေပွဲဖြင့် ပြီးဆုံးခဲ့သည့် အပေါ် ထိုက်တန်မှုရှိကြောင်း ဘာစီလိုနာကွင်းလယ်လူ ဇာဗီဟာနန်ဒက်ဇ်က ဝေဖန်ပြောကြားခဲ့သည်။ ပရီးမီးယားလိဂ်မှဒိုင်လူကြီးများသည် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ပတ်သက်လျှင် အမြဲတမ်းဘက်လိုက်မှုများ ရှိနေကြောင်း အာဖရိက ငတ်မွတ် ခေါင်းပါးမှုတိုက်ဖျက်ရေးညီလာခံသို့တက်ရောက်လာသည့် ဗီအဲရာက ဝေဖန် ပြောကြားခဲ့သည်။ မန်စီတီးအသင်းသည် အသင်းတွင်အားထားရသည့် တိုက်စစ်ဖန်တီးရှင် ဒေး ဗစ်ဆေးလ်ဗားကို ကာလရှည် စာချုပ်ချုပ်ဆိုသွားရန် ကြိုးပမ်းသွားမည်ဖြစ် ကြောင်း သိရသည်။ လီဗာပူးအသင်း၏ ရလဒ်များဆက်တိုက်ဆိုးရွားနေမှုအပေါ် အသင်း၏ဂန္ထဝင် ကစားသမားဟောင်း ဂျွန်ဘန်းက အသင်းအတွက် အနည်းဆုံးတိုက်စစ်မှူးသုံး ဦးလိုအပ်နေပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဗြိတိသျှလက်ဝှေ့ဘုတ်အဖွဲ့၏ လက်ဝှေ့ထိုးသတ်ခွင့်လိုင်စင်ပိတ်ပင်ခြင်းခံ ခဲ့ရသည့် ဒါးရက်ချီဆိုရာသည် ၎င်း၏အယူခံလွှာကို ဆက်လက်တင်သွင်း သွားမည်ဖြစ်ကြောင်း သိရသည်။ မီယာမီတွင်ကျင်းပသည့် မီယာမီမာစတာတင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၂ တင်းနစ်မယ် ရှာယာပိုဗာသည် ကာရိုလိုင်းဝေါ့ဇင်စကီးကို အနိုင်ရရှိကာ ဗိုလ်လုပွဲသို့တက်ရောက်သွားပြီဖြစ်သည်။ နေမကောင်းဖြစ်နေသည့်အန်ဒီမိုရေးသည် မီယာမီမာစတာတင်းနစ်ပြိုင်ပွဲတွင် ဂျန်ကိုတစ်စ်ပါရီဗစ်ကို ၄-၆၊ ၆-၄၊ ၆-၃ သုံးပွဲနှစ်ပွဲဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ဂျာမန်ဒေသတွင်းပြိုင်ပွဲဝင် မက်ဒီဘာ့အသင်းသည်ကာလအတန်ကြာဂိုးပေါက် ပျောက်နေခဲ့ရာအသင်းပရိသတ်များက အသင်း၏တိုက်စစ်မှူးများ ဂိုးပေါက် ပြန်တွေ့စေရန်ရည်ရွယ်၍ စက္ကူကတ်ပြားများဖြင့် မြားပုံသဏ္ဍာန်ပြုလုပ်ကာ ဂိုးပေါက်ကို ညွှန်ပြခဲ့ကြကြောင်း သိရသည်။
