Main menu

Background

တောင်ကြီးမြို့နယ် ဂေါ်ဖီစိုက်ပျိုးပုံ နည်းစနစ်မှန်ကန်ရေး ကွင်းဆင်းပညာပေး

Mon, 04/02/2012 - 10:02 -- Anonymous (not verified)

တောင်ကြီးမြို့ရှိ  TPIS  ရုံးခန်းတာဝန်ခံနဲ့ သီးနှံအုပ်စုတာဝန်ခံဝန်ထမ်းများ၊ မြန်မာ့ကွမ်းတောင်ကိုင်ကုမ္ပဏီ (Myanmar Belle Manufacturing Co.,Ltd)  သီးနှံအခြောက်ခံစက်ရုံ၊ ဝါးရုံပင်ရွာ၊ ဟဲဟိုးမြို့မှ မန်နေဂျာဦးကြည်လွင်နဲ့ စက်ရုံဝန်ထမ်းများဟာ မတ် ၂၂ ရက်က တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စု၊ ဘန့်ကွဲကျေးရွာသို့ ကွင်းဆင်းသွားရောက်ကာ ဂေါ်ဖီထုပ်သီးနှံ စိုက်ပျိုးထုတ်လုပ်မယ့်တောင်သူများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ နန်းဟောင်းကျေးရွာအုပ်စုမှာ ပအို့ဝ် တိုင်းရင်းသားများစွာေ နထိုင်ပြီး တောင်ကြီးမြို့နယ်ရဲ့ မြောက်ဘက်စွန်းမှာတည်ရှိကာ တောင်ကြီးမြို့မှ မိုင် ၂၀ခန့်ကွာဝေးပါ တယ်။ ဒေသခံ တိုင်းရင်းသားတို့ဟာ ပြောင်းဖူး စေ့၊ ပဲစင်းငုံတို့ စိုက်ပျိုးကြပြီး ယင်းသီးနှံများရဲ့ဈေးကွက်အခြေအနေအရ ဟင်းသီးဟင်းရွက် များ ပြောင်းလဲစိုက်ပျိုးရေး၊ ဦးခွန်ထွန်းရွှေ၊ ဦးပေါက်စီ၊ ဦးမောင်ငြိမ်းတို့ ဦးဆောင်တဲ့အဖွဲ့သည် တောင်ကြီးမြို့  TPIS  ရုံးခန်းသို့ လာရောက်ဆွေးနွေးခဲ့ပါတယ်။    နန်းဟောင်းကျေးရွာအုပ်စုရှိ နန်းဟောင်းဆည် (ရေထွက်ဆည်) မှကျေးရွာများသို့ ရေရရှိသဖြင့် ဟင်းသီးဟင်းရွက် များဖြစ်ထွန်းရာဒေသဖြစ်သော်လည်း စိုက်နည်းစနစ်၊ သီးနှံရွေးချယ်မှုမမှန်ကန်ခြင်းတို့ကြောင့် တောင်သူများ အကျိုးအမြတ်နည်းပါး ခဲ့ပါတယ်။ ဂေါ်ဖီစိုက်ပျိုးစနစ်မှန်ကန်စေရန် ဟဲဟိုးသီးနှံအခြောက်ခံစက်ရုံမှ ဝန်ထမ်းများက သရုပ်ပြစိုက်ပျိုးပေးခြင်း၊ မျိုးစေ့ဖြန့်ဝေေ ပးခြင်းတို့ ဆောင်ရွက်ခဲ့ပါတယ်။ အခမ်းအနားမှာ  TPIS   ရုံးခန်းတာဝန်ခံနဲ့ သီးနှံအုပ်စုတာဝန်ခံဝန်ထမ်းများမှ ဈေးကွက်နဲ့ဈေးနှုန်း အခြေအနေများ  Myanmar Belle  ကုမ္ပဏီ၊ သီးနှံအခြောက်ခံ စက်ရုံတာဝန်ခံ ဦးကြည်လွင်မှ စက်ရုံအခြေအနေ၊ လက်ရှိသီးနှံ အခြောက်ခံနိုင်တဲ့ ဂေါ်ဖီထုပ် တစ်နေ့ သုံးစွဲနိုင်အား၊ စက်ရုံမှဝယ်ယူမယ့်ဈေးနှုန်းနဲ့ ဂေါ်ဖီထုပ်အရေအတွက်၊ စိုက်ပျိုးချိန်နဲ့ထွက်ရှိမယ့် အချိန်တို့အား ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ တောင်သူများလည်း အကျိုး အမြတ်ရှိပြီး ဈေးကွက်လည်းရှိနေတဲ့ သီးနှံဖြစ်သဖြင့် ဆွေးနွေးပွဲနဲ့စိုက်နည်းစနစ် ပညာပေးသရုပ်ပြစိုက်ပျိုးပွဲသို့ ဌာနဝန်ထမ်းများ၊ သီးနှံအခြောက်ခံစက်ရုံမှ ဝန်ထမ်း ၆ ဦးတို့နဲ့အတူ ဒေသခံစိုက်ပျိုးထုတ်လုပ်သူ တောင်သူ ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်းသိရှိရ ပါတယ်။                                            အောင်ကျော်