Main menu

Background

တစ်ပတ်အတွင်း ဒေါ်လာဈေးနှုန်း ငြိမ်သက်လျက်ရှိ

Mon, 04/02/2012 - 10:09 -- Anonymous (not verified)

ယခုတစ်ပတ်အတွင်းတွင် အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် အတက်အကျမရှိဘဲ ငြိမ်သက်နေသည်ကို တွေ့ရသည်။"ဒီတစ်ပတ်အတွင်းမှာတော့ ဒေါ်လာဈေးနှုန်းက ငြိမ်နေတာပါ။ အဲဒါက နိုင်ငံတော်က ဈေးနှုန်းကို နှုန်းရှင်သတ်မှတ်တော့မယ်ဆိုတဲ့ သတင်းက အတိအကျ ထွက်လာပြီလေ။ အဲဒီတော့ ဒေါ်လာဈေးကို ဘယ်လောက်သတ်မှတ်မလဲဆိုတာသာ မသိရတာ။ နှုန်းရှင် သတ်မှတ်မယ်ဆိုတာက သေချာနေတော့ ဒေါ်လာဈေးက အတက်အကျ ဘယ်ရှိ တော့မလဲ။ အဲဒါဆိုရင် ကျွန်တော် တို့လို ဒေါ်လာကိုင်ဆောင်ခွင့်ရှိတဲ့သူ တွေအတွက် ပိုပြီးကောင်းသွားတာပေ့ါ။ ဈေးကို တမင်လိုက်စုံစမ်းနေ စရာမလိုတော့ဘူး။ တရားဝင်သတင်းထုတ်ပြန်တော့မှာဆိုတော့ သတင်း ကို စောင့်နားထောင်လိုက်ရုံပဲ။  ဒါပေမယ့် စင်တာတွေမှာက လိုသ လောက်လဲလို့ရရင် ပိုကောင်းမှာ။ အခုအချိန်အထိတော့ အေဂျီဒီဘဏ် ကလွဲရင် ကျန်တဲ့စင်တာတွေက ၁၀၀ အထိပဲ လဲပေးသေးတာ။ နောက် ဆိုရင်တော့ လဲပေးမယ်လို့ထင်ပါတယ်"ဟု ဒေါ်လာ လာရောက်ရောင်း ချသူတစ်ဦးက ပြောကြားခဲ့သည်။အမေရိကန်ဒေါ်လာဈေးကွက်သည်  ယခုတစ်ပတ်အတွင်းတွင် ရောင်းဈေး ၈၂၉ ကျပ်၊ ဝယ်ဈေး ၈၁၅ ကျပ်ဖြင့် အရောင်းအဝယ်ပြု လုပ်ခဲ့သည်။ ပြင်ပဈေးကွက်တွင်မူ ရောင်းဈေး  ၈၁၅ကျပ်  ဝယ်ဈေး ၈၁၂ ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် ပြင်ပဈေးကွက်တွင် ဒေါ်လာအရောင်းအဝယ်  ပြုလုပ်နေသော်လည်း အမေရိကန်ဒေါ်လာများရှားပါးနေကြောင်း၊ အဝယ်သာရှိပြီး အရောင်း မရှိခဲ့ကြောင်း ဒေါ်လာပွဲစားတချို့ထံမှ စုံစမ်းသိရှိရသည်။ပို့ကုန်ဝင်ငွေဈေးနှုန်းမှာ ယခုတစ်ပတ်တွင် ၈၅၃ ကျပ်ဖြင့် ဈေး ပိတ်ခဲ့သည်ကို တွေ့ရသည်။                              မယ်သီတာ