အခွန်ဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အခွန်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက် သည့် ရှင်းလင်းဆွေးနွေးပွဲကို မတ် ၂၆ ရက်က ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တွင် ကျင်း ပခဲ့ကြောင်း သိရသည်။အဆိုပါ ရှင်းလင်းပွဲအခမ်းအနား တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင် ကအဖွင့်အမှာစကားပြောကြားခဲ့သည်။ထို့နောက် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်း နှင့်တာဝန်ရှိသူများက အခွန်ထမ်း ဆောင်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ် သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ပြည်သူ့ဝန်ထမ်းများတွင် ဦးစီး အရာရှိအဆင့် အိမ်ထောင်မရှိသူဖြစ်ပါ က တစ်လလျှင် ပျမ်းမျှအခွန် ၁၈၇၀ ကျပ်ပေးဆောင်ရမည်ဖြစ်ပြီးအိမ်ထောင် ရှိခဲ့ပါက အိမ်ထောင်ဖက်အတွက် သက်သာခွင့် တစ်နှစ်စာအတွက် ကျပ် သုံးသိန်းရရှိသဖြင့် တစ်လလျှင် ကျပ် ၁၁၆၃သာ ပေးဆောင်ရမည်ဖြစ်သည်။ ထို့ပြင်သား/သမီးရှိခဲ့ပါက သား/ သမီးတစ်ဦးအတွက် သက်သာခွင့် ကျပ် နှစ်သိန်းရရှိမည်ဖြစ်သဖြင့် တစ်လလျှင် ကျပ် ၈၃၀ သာအခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ဝင်ငွေခွန်များနှင့် ပတ်သက်သည့် အမိန့်ကြော်ငြာစာများ၊ ကုန်သွယ်လုပ် ငန်းခွန်နှင့်ပတ်သက်သည့်အမိန့်ကြော် ငြာစာများကို မတ် ၁၅ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာများဖြင့် ထုတ်ပြန်ခဲ့ ပြီးဖြစ်ကြောင်း သိရသည်။နိုင်ငံတော်အနေဖြင့် အခွန်များ ကောက်ခံရာတွင် အခွန် ၁၅ မျိုးကို ဦးစီးဌာန ခြောက်ခုမှေ ကာက်ခံလျက်ရှိ ကြောင်းသိရသည်။ယင်းအခွန်ကောက် ခံရာမှာ ရရှိသည့်အခွန်ငွေ၏ ၉၀ရာခိုင် နှုန်းကို ဘဏ္ဍာ/အခွန်ဝန်ကြီးဌာနမှ ကောက်ခံကြောင်း သိရသည်။အခွန်ကောက်ခံရာတွင်အခွန်နည်း ပါးရသည့်အကြောင်းမှာ နိုင်ငံခြားငွေ ကို မြန်မာငွေဖြင့်ဖလှယ်ရာတွင် ၆ကျပ် နှုန်းဖြင့်သာ ဖလှယ်ခြင်းကြောင့်ဖြစ် ကြောင်း၊ ထို့ပြင် အခွန်ဝန်ထမ်းများ အနေဖြင့် အခွန်နှင့်ပတ်သက်သည့် ဥပဒေများကို လိုက်နာမှု အားနည်း နေကြောင်း၊ အခွန်ပမာဏကြီးမားစွာ ပေးဆောင် နေရသူများသည်လည်း အရိပ်အမျိုးမျိုးခိုကာ အခွန်ပေးဆောင် ရမှုကို ရှောင်တိမ်းနေကြကြောင်း၊ စာရင်းကိုင်စာရင်းစစ်များသည်လည်း ဆိုင်ရာဥပဒေများကို လိုက်နာမှုအား နည်းခဲ့ကြောင်း၊ အခွန်ဆိုင်ရာ ဥပဒေ များသည်လည်း ခေတ်နှင့်လျော်ညီမှု မရှိကြောင်း၊ ယင်းအချက်များကြောင့် အခွန်ကောက်ခံရရှိငွေများ နည်းပါးရ ခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က ထုတ်ဖော်ပြော ကြားခဲ့သည်။ထို့ပြင် အခွန်ထမ်းပြည်သူများ စိတ်ချယုံကြည်စွာဖြင့် အခွန်ဆောင်နိုင် ရေးအတွက် အခွန်ဆိုင်ရာ ကင်းလွတ် ခွင့်များကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်း၊ စာရင်းစစ်များအနေဖြင့်လည်း မှန်ကန်သည့်စာရင်းများကို ပြုစုပေးကြ စေလိုကြောင်း၊ အခွန်ဝန်ထမ်းများက အခွန်ဥပဒေကိုလိုက်နာမှုအားနည်းခြင်း နှင့် အခွန်ဝန်ထမ်းများက ဥပဒေနှင့် အညီလိုက်နာဆောင်ရွက်ရန်အားနည်း ခြင်းတို့ကို ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယင်းအချက်ကိုဖြေရှင်း ရန် ရန်ကုန်နှင့်မန္တလေးတို့တွင် ပြည်သူ့ ဆက်ဆံရေးရုံးတစ်ရုံးကို ဖွင့်လှစ်ဆောင် ရွက်မည်ဖြစ်ပါကြောင်းဖြင့် ၎င်းင်းက ရှင်း လင်းပြောကြားခဲ့ကြောင်းသိရသည်။မယ်သီတာ
