Main menu

Background

ထိုင်းနိုင်ငံက ဘတ်ငွေတန်ဖိုးကိုချလို

Tue, 04/03/2012 - 04:30 -- Anonymous (not verified)

    ဘတ်ငွေတန်ဖိုးနိမ့်ကျတာကို တွေ့မြင်လိုကြောင်းနဲ့ ဗဟိုဘဏ်ကဘဏ်ရဲ့ အဓိကဗဟိုဘဏ်ဖလှယ်နှုန်းကို နှိမ့်ချပေးသင့်ကြောင်း ထိုင်းဘဏ္ဍာရေးဝန်ကြီး ကစ်တီရပ်နာရနောင်းက မတ် ၂၈ ရက်ကပြောပါတယ်။ နိုင်ငံခြားငွေတွေ ထိုင်းနိုင်ငံ ထဲလှိမ့်ဝင်လာရင် ဘတ်ငွေတန်ဖိုးမြင့်တက်လာနိုင်တဲ့အတွက် ဒီလိုအလုံးအရင်းနဲ့ လှိမ့်ဝင်လာမှာကို မလိုလားကြောင်း စီးပွားရေးရာဒုတိယဝန်ကြီးချုပ် လည်းဖြစ်သူ ကစ်တီရပ်ကပြောပါတယ်။ ဘတ်ငွေတန်ဖိုး မြင့်တက်နေရင် နိုင်ငံခြားတိုက်ရိုက် ရင်း နှီးမြှုပ်နှံသူတွေ အဲဒီကနေ အမြတ်ထုတ်နိုင်ပါတယ်။    "ပြန်လည်ဝယ်ယူတဲ့နှုန်းကို ထိုင်းဗဟိုဘဏ်လျှော့ချစေချင်ပါတယ်။ ဘဏ္ဍာ ရေးဝန်ကြီးတစ်ယောက်အနေနဲ့ပြောရရင် ဘတ်ငွေတန်ဖိုးနိမ့်ကျတာကို ကျွန်တော် မြင်ချင်ပါတယ်။ စီးပွားရေးစီမံခန့်ခွဲဖို့က ကျွန်တော့်တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် ဗဟိုဘဏ်အပါအဝင်အားလုံးက ကျွန်တော့်စကားကို နားထောင်သင့်ပါတယ်" ဟု သူက ပြောပါတယ်။    ဘတ်ငွေတန်ဖိုးကျဆင်းအောင်ဆောင်ရွက်နေတဲ့ အစိုးရရဲ့မူဝါဒက အစိုးရက လုပ်ပိုင်ခွင့်မရှိတဲ့ ဗဟိုဘဏ်ရဲ့ လုပ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်တာ ဖြစ်တယ်။ အဲဒီလိုလုပ်မဲ့အစား အစိုးရက လူနေမှုစရိတ်မြင့် မားနေတဲ့ ပြဿနာေ တွကိုအာရုံ စိုက် ဆောင်ရွက်သင့်တယ်လို့ ယခင်ဘဏ္ဍာရေးဝန်ကြီးဟောင်း ကွန်ချာတီကာဝါနစ်က ဝေဖန်ခဲ့ ပါတယ်။ ဒီဝေဖန်ချက် နဲ့ပတ်သက် ပြီး ဘဏ္ဍာရေးဝန်ကြီးက တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ မစ္စတာကွန်က အတိုက်အခံအမတ်နဲ့ ဝန်ကြီးဟောင်း တစ်ဦးသာ ဖြစ်ပါ တယ်။ သူ့ဝေဖန်ချက်က ဆီလျော်မှုမရှိပါဘူး။ ဘတ်ငွေတန်ဖိုးကို ယခုလက်ရှိ ဖြစ်နေတဲ့တစ်ဒေါ်လာကို ၃၀-၃၁ ဘတ်နှုန်းထက် ၃၂-၃၄ ဘတ်နှုန်းအဖြစ်ထားလို ကြောင်း မစ္စတာကစ်တီရပ်ကယခင်သီတင်းပတ်က ပြောခဲ့ပါတယ်။    နိုင်ငံခြားငွေ ဖလှယ်နှုန်းကိစ္စကို ဝင်ရောက်မစွက်ဖက်ဖို့ မစ္စတာကွန်က မစ္စတာကစ်တီရပ်ကို မတ် ၂၇ ရက်ကသတိပေးခဲ့ပါတယ်။ ဘတ်ငွေတန်ဖိုးကျဆင်း ရင် လောင်စာဆီဈေးနှုန်းတွေမြင့်တက်ပြီး စီးပွားရေးကို ထိခိုက်နိုင်တယ်လို့ သူကပြောပါတယ်။                                            Source.bangkokpost.com