Main menu

Background

ယွမ်ကို အပြည်ပြည်ဆိုင်ရာသုံးအဖြစ် ဆောင်ရွက်

Tue, 04/03/2012 - 04:31 -- Anonymous (not verified)

          လာမည့်နှစ် ၃၀ ကျော်အတွင်း ဆောင်ရွက်မဲ့ အဆင့်သုံး ဆင့် နည်းစဉ်က ရေရှည်ဖွံ့ဖြိုးမှုကို အထောက် အကူပေးပြီး ငွေကြေးစုံစနစ်ကို တိုးမြှင့်ပေးမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံ ရင်မင်တက္ကသိုလ်က တရုတ်နိုင်ငံဗဟိုဘဏ် အစိုးရကိုပေးတဲ့ အကြံပြုချက်တွေအနက်တစ်ခုက ယွမ်ငွေကြေးကို အပြည် ပြည်ဆိုင်ရာသုံး ငွေကြေးအဖြစ် ဆောင်ရွက်ဖို့ဖြစ်ပါတယ်။    ၂၀၃၀ ပြည့်နှစ်မှ ၂၀၄၀ ပြည့်နှစ်အတွင်း ယွမ် ငွေကြေးကို အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖြစ် ဆောင်ရွက် မဲ့ အတိုင်းအတာကလက်ရှိ သုည ဒသမ ၄၁ ရာခိုင်နှုန်း ကနေ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားဖို့ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်မယ်ဆိုရင် လာမဲ့ဆယ်စုနှစ်တစ်ခုနှစ်ခု အတွင်းမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးစနစ်ကို အမေ ရိကန်ဒေါ်လာကချည်း လွှမ်းမိုးထားနိုင်မှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဒေါ်လာ၊ ယူရိုနဲ့ ယွမ်ဆိုတဲ့ သုံးခုပေါင်း ဖွဲ့စည်းမှုမျိုး တော့ ရှိနေဦးမှာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာသုံးအဖြစ် ဆောင်ရွက်မဲ့ နည်းစဉ်က မှန်မှန်ကြီး တိုးတက်ရမှာဖြစ်သလို နှစ် ၃၀ အတွင်းအဆင့်သုံးဆင့် ခွဲခြား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။    ပထမဆယ်စုနှစ်အတွင်းမှာ တရုတ်ယွမ်ငွေကြေးကို အပြည်ပြည်ဆိုင်ရာ ငွေပေးငွေယူရှင်တမ်းတွေမှာ ဆောင်ရွက် ဖို့ ဖြစ်ပါတယ်။ နောက်ဆယ်စုနှစ်မှာ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ဆောင်ချက်တွေမှာ ယွမ်ငွေကြေးကို ကုန်အမှာစာမှာသုံးတဲ့ငွေကြေး (Invoicing Currency )     အဖြစ်သုံးဖို့ ဖြစ်ပါတယ်။ နောက်မှ နောက်ဆယ် စုနှစ်မှာ ယွမ်ငွေကြေးကို နိုင်ငံခြားအရန်ငွေကြေးအဖြစ် အသုံးပြု နိုင်အောင် ဆောင်ရွက်ဖို့ဖြစ်ပါတယ်။    လွန်ခဲ့တဲ့နှစ်က ယွမ်ငွေကြေးနဲ့ နယ်စပ်ဖြတ်ကျော်ငွေ စာရင်းရှင်းလင်းမှုကို တစ်နိုင်ငံလုံးကိုတိုးချဲ့ပေးပြီး ၂၀၁၁ ခုနှစ် အတွင်းမှာ စုစုပေါင်းပမာဏထက်သုံးဆနီးပါး ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာ တရုတ်နိုင်ငံက နိုင်ငံခြားငွေ Option Trading    ကိုစတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် ယွမ် ငွေကြေးကို စာချုပ်စာတမ်းများရောင်းဝယ် မှုစနစ်အဖြစ်ထူ ထောင်နိုင်ခဲ့ပြီး လုပ်ငန်းတိုးချဲ့မှုကို ၅၀ ရာခိုင်နှုန်းတိုးချဲ့နိုင်ခဲ့ပါ တယ်။ ၂၀၁၁ ခုနှစ်မှာ နိုင်ဂျီးရီးယား နိုင်ငံကယွမ်နိုင်ငံခြား အရန်ငွေစနစ်မှာ ပါဝင်လာခဲ့ပြီး ဟောင်ကောင်အထူးအုပ်ချုပ် ခွင့်ရဒေသကလည်း ၂၀၀၉ ခုနှစ်မှာကစပြီး ယွမ်ငွေရောင်းချ ရေး ဗဟိုဌာန ဖြစ်လာပါတယ်။Source.xinhuanet.cn