Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Tue, 04/03/2012 - 04:37 -- Anonymous (not verified)

    အာရှဒေသရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ကြောင့် ဒီဒေသတွင်းမှာရှိတဲ့ ငွေကြေး စာချုပ်စာတမ်းတွေက ကမ္ဘာ့ရင်းနှီးမြှုပ် နှံသူတွေကို ဆွဲဆောင်နိုင်စွမ်း ရှိခဲ့ပါ တယ်။ ဒါကြောင့် အိန္ဒိယရူပီးနဲ့ မလေး ရှားရင်းဂစ်တို့ကဦးဆောင်ပြီး ယခုသုံး လပတ်အတွင်းမှာ အာရှငွေကြေးတွေ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။    တောင်ကိုရီးယား၊   အိန္ဒိယနဲ့ တရုတ်(တိုင်ပေ)မှာရှိတဲ့ စတော့ဈေး ကွက်တွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူ တွေရဲ့ ငွေကြေးေ တွကို ယခုနှစ်အတွင်း မှာ ဒေါ်လာ ၂၄ ဘီလီယံဖိုးအထိ စီး ဝင်မှုရှိခဲ့ကြောင်း ကုန်စည်ဒိုင်စာရင်း တွေအရ သိရပါတယ်။ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့(အိုင်အမ် အက်ဖ်)ရဲ့ ခန့်မှန်းချက်အရ အာရှဖွံ့ ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက် နှုန်းက လက်တင်အမေရိကနဲ့ အမေ ရိကန်ပြည်ထောင်စု တို့ကို ကျော်လွန်ခဲ့ ပါတယ်။ တရုတ်ယွမ်    ဝန်ကြီးချုပ်ဝမ်ကျားပေါင်က နှစ် အလိုက်စီးပွားရေးဖွံ့ဖြိုးမှုရည်မှန်းချက် ကို ခုနစ်နှစ်အတွင်း အနိမ့်ဆုံးနှုန်း သို့ လျှော့ချခန့်မှန်းလိုက်ပြီးနောက် ယွမ်ငွေ ကြေးရဲ့ တန်ဖိုးက ယခုနှစ်ပထမသုံးလ ပတ်အတွင်း အနိမ့်ဆုံးအဆင့်ထိကျဆင်း ခဲ့ပါတယ်။ ဒါပေမဲ့ မတ်လ ၃၀ ရက်နေ့ မှာတော့ တရုတ်ကုန်ထုတ်လုပ်မှုမန်နေ ဂျာများရဲ့ အညွှန်းကိန်း ၅၀ ဒသမ ၈ အထိရှိမယ်လို့ ခန့်မှန်းတဲ့အတွက် ယွမ် တန်ဖိုးမြင့်တက်ခဲ့ပါတယ်။    တရုတ်နိုင်ငံ နိုင်ငံခြားငွေရောင်း ဝယ်ရေးဌာနရဲ့ စာရင်းများအရ ရှန်ဟဲ မှာ မတ်လ ၃၀ ရက်မနက်က ၆ ဒသမ ၂၉၉၇ ယွမ်နှုန်း ရှိခဲ့ပါတယ်။ နေ့အလိုက် တိုးတက်နှုန်း သုည ဒသမ ၁ ရာခိုင်နှုန်း နဲ့  သီတင်းပတ်အလိုက် တိုးတက်နှုန်း သုည ဒသမ ၁၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ အိန္ဒိယရူပီး    နိုင်ငံခြားငွေကြေးတွေနဲ့ ပတ်သက် တဲ့အခွန်အဆိုပြုချက်က ဖြစ်ပေါ်လာ တဲ့ ရိုက်ခတ်မှုအတွက် စိုးရိမ်မှုနဲ့ သွင်း ကုန်လုပ်ငန်းရှင်တွေရဲ့ လကုန်ပိုင်းဒေါ် လာဝယ်လိုအားမြင့်တက်လာမှုတို့ကြောင့် ရူပီးတန်ဖိုးက ၁ ဒသမ ၂၃ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၅၁ ဒသမ ၄၀ ရူပီးနှုန်း ရှိခဲ့တယ်။ ရှယ်ယာဈေး ကွက်တွေ ကျဆင်းအားနည်းတာက လည်း ရူပီးငွေကြေးအပေါ် ယုံကြည်မှု ကိုဂယက်ရိုက်ခတ်မှုရှိစေခဲ့တယ်လို့ နိုင် ငံခြားငွေဝယ်ရောင်းသမားတွေက ပြော ပါတယ်။ ဂျပန်ယန်း    ယူရိုဇုန်အရေးပေါ်ကယ်တင်ငွေ တိုးချဲ့ဖို့ ဆွေးနွေးမဲ့ ဥရောပသမဂ္ဂ ဘဏ္ဍာရေးဝန်ကြီးများရဲ့ အစည်းအဝေး မတိုင်မီ မတ် ၂၉ ရက်က ဒေါ်လာနဲ့ ဖလှယ်ရာမှာ ယူရိုတန်ဖိုး ကျဆင်းခဲ့ပါ တယ်။ ယူရိုတန်ဖိုးက မတ်လ ၂၈ ရက် မှာ တစ်ယူရိုကို ၁  ဒသမ ၃၃၁၆ ဒေါ်လာနှုန်းရှိရာမှ ၂၉ ရက်နေ့ ဂရင်း နစ်စံတော်ချိန် ၂၁း၀၀ နာရီမှာ တစ်ယူ ရိုကို ၁ ဒသမ ၃၃၀၁ ဒေါ်လာနှုန်းရှိခဲ့ ပါတယ်။    မတ် ၂၈ ရက်က တန်ဖိုးကျနေတဲ့ ယန်းငွေတန်ဖိုးက ဒေါ်လာနဲ့ ဖလှယ် ရာမှာ ၈၂ ဒသမ ၈၆ ယန်းမှ ၈၂ ဒသမ ၄၂ ယန်းထိတန်ဖိုးတက်လာပြီး ယူရိုနဲ့ ဖလှယ်ရာမှာ တစ်ယူရိုကို ၁၁၀ ဒသမ ၃၆ ယန်းမှ ၁၀၉ ဒသမ ၆၄ ယန်းနှုန်းထိ ရှိခဲ့ပါတယ်။ မလေးရှားရင်းဂစ်    မလေးရှားနိုင်ငံမှာ ပြည်ပရင်းနှီး မြှုပ်နှံသူတွေက မလေးရှယ်ယာတွေကို ဇန်နဝါရီမှာ ရင်းဂစ် ၁ ဒသမ ၃ ဘီလီ ယံဖိုး(ဒေါ်လာ ၄၂၄ သန်း) ဖိုးနဲ့ ဖေဖော်ဝါရီမှာ ရင်းဂစ်ဘီလီယံ ၂၀၀ ဖိုးပိုမိုဝယ်ယူခဲ့ပါတယ်။    မတ်လ ၂၄ ရက်မှာကုန်ဆုံးတဲ့ သီ တင်းပတ်အတွင်း အမေရိကန်ပြည် ထောင်စုမှ အလုပ်လက်မဲ့ခံစားခွင့် တောင်းခံမှုမြင့်မားလာတဲ့အတွက် မတ် ၃၀ ရက်နေ့မှာ ဒေါ်လာနဲ့ဖလှယ်တဲ့အ ခါ ရင်းဂစ်တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ရင်းဂစ်တန်ဖိုးက မတ် ၂၉ ရက်ကတစ် ဒေါ်လာကို ၃ ဒသမ ၀၆၅၅ ရင်းဂစ် နှုန်းမှ ၃၀ ရက်မနက် ၉ နာရီ ၆ မိနစ် ကတစ်ဒေါ်လာကို ၃ ဒသမ ၀၆၃၀ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ တောင်ကိုရီးယားဝမ်    ၂၀၁၂ ခုနှစ် ပထမသုံးလပတ်မှာ တောင်ကိုရီးယားရဲ့ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုက ခန့်မှန်းထားတာထက် ပိုမိုလာမယ်လို့ တောင်ကိုရီးယားဗဟို ဘဏ်အရာရှိ ကင်ယောင်ဘေးက ဆိုးလ်မြို့မှာ မတ်လ ၃၀ ရက်နေ့ က ပြောကြားတဲ့အတွက် ဝမ်ငွေကြေးတန် ဖိုးက ဒုတိယမြောက်သုံးလပတ်အဖြစ် မြင့်တက်ခဲ့ပါတယ်။ ဒီဇင်ဘာနောက် ပိုင်းက စပြီး ယနေ့ထိဝမ်တန်ဖိုးက ၁ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး တစ် ဒေါ်လာကို ၁၁၃၅ ဒသမ ၃၅ ဝမ်နှုန်း ရှိခဲ့ကြောင်း ဘလွမ်းဘတ်က ပြုစုထား တဲ့စာရင်းတွေအရ သိရပါတယ်။    ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူတွေက ယခု သုံးလပတ်အတွင်းမှာ ဝမ်ငွေကြေးကို အရောင်းထက် အဝယ်က ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံဖိုးရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် စက်တင်ဘာနောက်ပိုင်းအများ ဆုံးဖြစ်ပါတယ်။ ထိုင်းဘတ်    နှစ်ပေါင်း ၇၀ အတွင်း အဆိုးဆုံး ဖြစ်တဲ့ ရေလွှမ်းမိုးမှုကြောင့် စက်ရုံတွေ ပိတ်လိုက်ရလို့ ၂၀၁၁ ခုနှစ်နောက်ဆုံး သုံးလပတ်မှာ ဘတ်ငွေတန်ဖိုး ၁ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီးနောက် မတ် ၃၀ ရက်မှာ ဘတ်ငွေတန်ဖိုးက ၂ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ် ဒေါ်လာကို ၃၀ ဒသမ ၈၅ ဘတ်နှုန်း ရှိခဲ့ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ ဖ လှယ်တဲ့အခါ တစ်ဒေါ်လာကို ၃၂-၃၄ ဘတ်နှုန်းက အသင့်တော်ဆုံးပဲလို့ ထိုင်းဘဏ္ဍာရေးဝန်ကြီး ကစ်တီရတ်နာ ရနောင်းကပြောကြားပြီး ရက်အနည်း ငယ်အတွင်း ငွေကြေးလဲလှယ်နှုန်းမူဝါ ဒတွေကို စိစစ်လာပါတယ်။ ဘွန်းစာ ချုပ်ဈေးကွက်နဲ့ စတော့ဈေးကွက်ထဲကို ငွေတွေ စီးဝင်လာတဲ့အတွက် နှစ်စမှ ယခုချိန်ထိ ဘတ်ငွေတန်ဖိုးက ၂ ရာခိုင် နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၃၀ ဒသမ ၇၀ ဘတ်နှုန်းရှိခဲ့ပါတယ်။Source:bangkokpost, bloomberg, bernama,xinhua