Main menu

Background

ဖွံ့ဖြိုးရေး ဘဏ်သစ်တစ်ခု ထူထောင်ဖို့ BRICS နိုင်ငံများကြိုးပမ်း

Tue, 04/03/2012 - 04:43 -- Anonymous (not verified)

    ကမ္ဘာ့ထွန်းသစ်စနိုင်ငံ ငါးခုမှ ခေါင်းဆောင်များ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မတ်လ ၂၉ ရက်က တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။ ဆွေးနွေးပွဲရည်ရွယ် ချက်က ဖွံ့ဖြိုးရေးဘဏ်သစ်တစ်ခုထူ ထောင်ဖို့ကိစ္စဖြစ်ပါ တယ်။ အစည်းအဝေးရဲ့ ထိပ်တန်း ဦးစားပေးအစီအစဉ်က အဖွဲ့အတွက် BRICS Bank   ဆိုတဲ့ ပထမဆုံး ငွေကြေးအဖွဲ့အစည်းထူထောင်ဖို့ဖြစ်ပါတယ်။ ဒီရန်ပုံငွေထဲ ကနေ ဖွံ့ဖြိုး ဆဲနိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုစီမံကိန်းတွေနဲ့ စီးပွားရေးအခြေခံအဆောက်အအုံထူထောင်ဖို့ ဖြစ်ပါတယ်။ ဒီအစီအစဉ်က စီမံကိန်းအဆင့်မှာသာ ရှိနေသေးပေမဲ့ နိုင်ငံခေါင်းဆောင်တွေက ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးမှုဘဏ်လို့ အခြားနိုင်ငံစုံ ဘဏ်ကြီး တွေကို ပခုံးချင်းယှဉ်ဖို့ ဖွဲ့စည်းတာ ဖြစ်ပါတယ်။    BRICS  ဆိုတဲ့အမည်က အမေရိ ကန်ပြည်ထောင်စုရင်းနှီးမြှုပ်နှံမှုဘဏ် ဂိုလ်မန်းဆက်က ၂၀၀၁ ခုနှစ်မှ စတင်အ သုံးပြုခဲ့တာဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုး မှုလျင်မြန်စွာတိုးတက်နေတဲ့ နိုင်ငံတွေ စုစည်း ထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ် ပါတယ်။ ဒီအုပ်စုရဲ့ ပထမဆုံးထိပ်သီး အစည်းအဝေးကို ၂၀၀၉ ခုနှစ်မှာ ကျင်းပခဲ့ပြီး တောင်အာဖရိကနိုင်ငံက ၂၀၁၁ ခုနှစ်ကကျင်းပတဲ့ တတိယထိပ်သီးအစည်းအဝေးမှာ ပါဝင်ခဲ့ ပါတယ်။    BRICS   နိုင်ငံတွေက ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် ဖွံ့ဖြိုးရေးဘဏ်ထူ ထောင်နိုင်ဖို့အတွက် ဖြစ် မြောက်နိုင်စွမ်းကို လေ့လာဖို့ မတ် ၂၉ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဘဏ်ကိုထူထောင်တဲ့ အခါ ဒေသတွင်း ငွေကြေးတွေနဲ့ ငွေစာရင်း ရှင်းလင်းလုပ်ဆောင်ချက်တွေကို အဖွဲ့တွင်းဆောင်ရွက်တဲ့အခါ လုပ်ကိုင် ဆောင်ရွက်နိုင်အောင် ရိုးရှင်းလွယ်ကူစွာ ဆောင်ရွက်ဖို့လည်း သဘောတူခဲ့ကြပါတယ်။    ဘဏ်ထူထောင်ရေးအတွက် လေ့လာတွေ့ရှိချက်တွေကို နောက်တစ်ကြိမ် ကျင်းပမဲ့ ထိပ်သီး အစည်းအဝေးမှာ ပူးတွဲလုပ်ငန်းအဖွဲ့က တင်သွင်းမှာဖြစ်ကြောင်း ပူးတွဲကြေညာချက်ဖြစ်တဲ့ ဒေလီကြေညာ ချက်မှာ ဖော်ပြထားပါတယ်။Source:AFP,economitimes. indiatimes.com