Main menu

Background

အဘူဒါဘီတော်ဝင်အုပ်စုက RBS နဲ့ ဆွေးနွေးပွဲမှာ ပါဝင်

Tue, 04/03/2012 - 04:47 -- Anonymous (not verified)

     ဗြိတိန်နိုင်ငံက ပိုင်ဆိုင်တဲ့ စကော့ တလန် ဘဏ် RBS  ရဲ့ ရှယ်ယာများ ရောင်းချဖို့ဆွေးနွေးညှိနှိုင်းရာမှာအဘူဒါ ဘီ တော်ဝင်မိသားစုတွေ ပါဝင်လာ ကြောင်း သတင်းရပ်ကွက်များက ပြော ပါတယ်။  အရှေ့အလယ်ပိုင်း  ကိစ္စနဲ့ ပတ်သက်ပြီး ထင်ရှားသူ  စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးက တော်ဝင် မိသားစု ရဲ့ အတိုင်ပင်ခံအဖြစ် ဆောင် ရွက်နေကြောင်း ဒီကိစ္စနဲ့ ကျွမ်းဝင်သူတို့ က မတ် ၂၈ ရက်က ပြောပါတယ်။    "ဆွေးနွေး ညှိနှိုင်းမှုတွေက ခြောက် လလောက် ရှိနေပါပြီ။ လာမဲ့ သီတင်း ပတ်တွေအတွင်းမှာ ဘာမှအကောင် အထည်ပေါ်လာဦးမှာမဟုတ်ပါဘူး"လို့ သတင်းရပ်ကွက်မှထွက်ပေါ် လာတဲ့ သတင်းအရ သိရပါတယ်။ ဘယ်အဖွဲ့ ကဝယ်မယ်ဆိုတာ မသိရသေးပေမဲ့ အဘူဒါဘီက ဝယ်ယူမဲ့ရှယ်ယာဝေစုက သုံးပုံတစ်ပုံရှိမယ်လို့ ခန့်မှန်းပါတယ်။ ဗြိတိန် နိုင်ငံက အခြားဘဏ်တစ်ခု ဖြစ် တဲ့ဘာကလေဘဏ်ရဲ့ ရှယ်ယာတွေကို ဝယ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက အဘူ ဒါဘီ တော်ဝင်မိသားစုအတွက် စတက် ဘလေက အရေးပါတဲ့အခန်းမှ ပါဝင် ခဲ့ပါတယ်။RBS  မှာ အဘူဒါဘီ ရင်းနှီး မြှုပ်နှံသူတွေက ပေါင်၁၀ဘီလီယံ (ဒေါ်လာ ၁၆ ဘီလီယံ) ရင်းနှီး မြှုပ်နှံဖို့ ရည်မှန်းထားပါတယ်။ အထမြောက် မမြောက် ပြောဖို့ စောပါသေးတယ်လို့ တော်ဝင်မိသားစုနဲ့ ရင်းနှီးသူတစ်ဦး က ပြောပါတယ်။ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်းကာလကလည်း ဒေသ တွင်းရှိ တော်ဝင် မျိုးနွယ်တွေနဲ့ နိုင်ငံပိုင် ရန်ပုံ ငွေအဖွဲ့တွေကစီးတီဂရု၊ Credit Suisse နဲ့ ဘာကလေတို့ရဲ့ရှယ်ယာတွေ ကိုဝယ် ယူခဲ့ပါတယ်။ ယခုတစ်ကြိမ်က ၂၀၀၈ ခုနှစ်နောက်ပိုင်း ပင်လယ်ကွေ့ ရင်းနှီးမြှုပ်နှံသူတွေကအများဆုံး ဝယ် တာပထမအကြိမ်ဖြစ်ပါတယ်။ဒီသတင်း နဲ့ပတ်သက်ပြီးအဘူဒါဘီအစိုးရ အရာရှိ တွေက တစ်စုံတစ်ရာဝေဖန်ခြင်း မရှိပါ ဘူး။ Source.reuters.com