Main menu

Background

လုပ်သားအခက်အခဲမှ လွတ်မြောက်ဖို့ ဗီယက်နမ်ကြိုးပမ်း

Tue, 04/03/2012 - 04:47 -- Anonymous (not verified)

    ဗီယက်နမ်နိုင်ငံ အလုပ်သမား၊ မသန်မစွမ်းနဲ့ လူမှုရေးဝန်ကြီးဌာန (MOLISA)   က အဆင့်မြင့် အသက်မွေးဝမ်းကျောင်းပညာ လေ့ကျင့်ရေး ကျောင်းများ ထူထောင်ပေးမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ထိပ်တန်း ဦးစား ပေး အဖြစ်ထားရှိတဲ့ လေ့ကျင့်ရေးဖွံ့ဖြိုးမှုမဟာဗျူဟာကို ရေးဆွဲဖို့စီမံကိန်းချမှတ် ထားကြောင်း (MOLISA) ဒုတိယဝန်ကြီး၊ ငုယင်ငေါ့ဖီကပြောပါတယ်။ သင်တန်း ကျောင်းတွေကို နိုင်ငံခြားကအပြည့်အဝရင်းနှီးမြှုပ်နှံမှု၊ ဖက်စပ်လုပ်ငန်းနဲ့ အစိုးရ ပုဂ္ဂလိကအစုစပ် ရင်းနှီးမြှုပ်နှံမှုစတဲ့ ပုံစံများအပါအဝင် ရင်းနှီးမြှုပ်နှံမှု ပုံစံများ ကိုအသုံးပြုပြီး ထူထောင်မှာ ဖြစ်ကြောင်း ဖီက ပြောပါတယ်။    ဒီသတင်းက အထူးသဖြင့် နိုင်ငံခြား တိုက်ရိုက်မြှုပ်နှံမှု ပြုလုပ်မဲ့ စီးပွားရေး လုပ်ငန်းများအတွက် သတင်းကောင်းဖြစ်ပါတယ်။ သူတို့အတွက် ဗီယက်နမ်ရဲ့ ပညာရေးနဲ့ လေ့ကျင့်မှုစနစ်မှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း တွေရရှိစေမှာ ဖြစ်တယ်လို့ သူပြောပါတယ်။ ဗီယက်နမ်နိုင်ငံက အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအပါအဝင် ပညာရေးနဲ့ လေ့ကျင့်ရေးထူ ထောင်ဖို့အစီအမံတွေကို အကောင်အထည်ဖော်နေကြောင်း သူကပြောပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဂျပန်အစိုးရက ဗီယက်နမ်နိုင်ငံမှာ ပညာရေးနဲ့ အသက်မွေး ဝမ်းကျောင်း သင် တန်းတွေအတွက် တရားဝင်ဖွံ့ဖြိုးမှုအစီအစဉ် (Official  Development Assistance )  ဒေါ်လာသန်း ၄၅၀ ပေးဖို့ သဘောတူခဲ့ပါတယ်။ ဒီအထဲက အသက်မွေးဝမ်းကျောင်း လေ့ကျင့်မှုအတွက် ဒေါ်လာသန်း ၁၃၀ သုံးမှာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က ဗီယက်နမ်ကိုလာရောက်စဉ်က ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ဗီယက်နမ်မှာ အရည်အသွေးမြှင့် အသက်မွေးပညာ သင်လေ့ကျင့်ရေးကြောင်း တည်ဆောက်ပေးဖို့ု ကတိပြုခဲ့ပါတယ်။    "ကျွန်တော်တို့ရဲ့ လုပ်သားအင်အားစုတွေရဲ့ အရည်အသွေး တိုးတက်ဖို့ အတွက် နိုင်ငံခြားကရင်းနှီးမြှုပ်နှံသူတွေကိုချည်းပုံပြီး အားကိုးနေလို့မဖြစ်ပါဘူး။နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ပါဝင်လာဖို့ကအရေးကြီးသလို ဒီကိစ္စက အစိုးရရဲ့ အခန်းကဏ္ဍလဲဖြစ်ပါ တယ်"ဟု ဗီယက်နမ်အမျိုးသား တက္ကသိုလ် ဒုတိယဥက္ကဌ ဖန်ဇွမ်ငါ က ပြောပါတယ်။    ၂၀၂၀ ပြည့်နှစ်မှာ အခြေခံအားဖြင့် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာဖို့ ဗီယက်နမ်ရဲ့ ရည်မှန်းချက်မှာ ကျွမ်းကျင်မှု အဆင့်မြင့်တဲ့ လုပ်သားအင်အား ဖန်တီးရေးက အရေးကြီးပါတယ်။     Source.english.vietnam net.com