Main menu

Background

နည်းပညာပြိုင်ပွဲမှာ ပါဝင်ဖို့ တရုတ်ဟွာဝေးကုမ္ပဏီ လှုပ်ရှား

Tue, 04/03/2012 - 04:53 -- Anonymous (not verified)

    ဟွာဝေးက တရုတ်ပြည်ရဲ့အကြီး မားဆုံး ပို့ကုန် လုပ်ငန်းတစ်ခုဖြစ်ပြီး ဒီကုမ္ပဏီကထုတ်တဲ့ပစ္စည်းတွေက BT  ဘရော့ဘင်ကွန်ရက်မှာ အသုံးပြုနိုင်ပါ တယ်။ ဒါပေမဲ့ ဒီအမှတ်တံဆိပ်ကို UK  ကအိမ်ထောင်စုတွေက မသိကြပါဘူး။ တရုတ်ပြည့်သူ သမ္မတနိုင်ငံအတွင်းမှာပင် လျှို့ဝှက်သိပ်သည်းတဲ့အဖွဲ့အစည်း တစ် ခု ဖြစ်နေတဲ့ ဟွာဝေးကို တပ်နီတော်မှ အင်ဂျင်နီယာေ ဟာင်းတစ်ဦးဖြစ်သူ ရန်ချန်ဖေးကဦးစီးကွပ်ကဲလျက်ရှိပါတယ်။ ပီစီထုတ်လုပ်သူ လီနိုဗိုနဲ့ အဝေးပြော ဆက်သွယ်ရေးအဖွဲ့ TE  တို့ နဲ့ တစ်မျိုး တစ်ဘာသာကွဲပြားပြီး ဟွာဝေးက ဟောင်ကောင်စတော့ အိပ်ချိန်းမှာ မှတ် ပုံတင်မထားပါဘူး။ ကုမ္ပဏီကို တည် ထောင်သူများနဲ့ ဝန်ထမ်းများက ပိုင် ဆိုင်တဲ့ ပုဂ္ဂလိကကုမ္ပဏီ ဖြစ်ပြီး ဘုတ် အဖွဲ့ဝင်တွေရဲ့ အမည်စာရင်းကို ၂၀၁၁ ခုနှစ်ကမှ ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြန် ကြေညာခဲ့ပါတယ်။    ကမ္ဘာ့စင်မြင့်မှာ ယှဉ်ပြိုင်နိုင်ဖို့ အတွက် ၁၉၈၀ ပြည့်နှစ်လွန်တွေက စီးပွားရေး ဖြေလျော့မှုအရ ကော်ပို ရေးရှင်းတွေကို ပထမ မျိုးဆက်သစ် အဖြစ် မွေးထုတ်ပေးလိုက်ပါတယ်။ ဟွာဝေးက တရုတ်နိုင်ငံရဲ့ "အပြင် ထွက် ခြေဆန့်ရေး" မူဝါဒကို ရှေ့ဆုံးက ထွက်ပြီး အကောင်အထည် ဖော်ပေး ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်း ဆန်ပြီး ဗျူရိုကရေစီ မဆန်တဲ့ အတွက် နိုင်ငံ တော်က ရှယ်ယာပါဝင် ခြင်းမရှိဘဲ ကုမ္ပဏီက ဖွံ့ဖြိုးစည်ပင်လာ ခဲ့ပါတယ်။ ဟွာဝေးကို ၁၉၈၇ ခုနှစ်က စတင် ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ရောက်မှသာ ပို့ကုန်လုပ်ငန်းတွေကို အားတက်သရော ဆောင်ရွက်ခဲ့ပါ တယ်။ ကုမ္ပဏီ ဝင်ငွေရဲ့ ၆၅ ရာခိုင်နှုန်း က နိုင်ငံခြားက ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က စုစုပေါင်း ဝင်ငွေယွမ် ၁၈၅ ဒသမ ၂ ဘီလီယံ (ပေါင် ၁၈ ဒသမ ၅၁ ဘီလီယံ) ရှိခဲ့ပါ တယ်။ ကမ္ဘာ ပေါ်မှာ အကြီးဆုံးဖြစ်တဲ့ အီရစ်ဆန် ကုမ္ပဏီအောက် ပေါင်ဘီလီယံ တစ်ဝက်လောက်ပဲနည်းပါတယ်။    ယခုတော့ ဟွာဝေးက သူ့ထုတ် ကုန်တွေကို အနောက်နိုင်ငံက သန်း ပေါင်းများစွာသောသူတွေရဲ့ လက်ထဲ ထည့်ပေးဖို့ကြိုးစားနေပါတယ်။ ပြီး တော့ ယခုနှစ်ကုန်မှာ စမတ်ဖုန်းတွေ ကို စတုတ္ထ အများဆုံးအဖြစ် ထုတ် ပေးသွားမှာ ဖြစ်ပါတယ်။Source.guardian.co.UK