Main menu

Background

အကောက်ခွန် မြင့်မားခြင်းကြောင့် အိန္ဒိယ၊ အမေရိကန် စီးပွားရေးဆက်ဆံမှုကို ထိခိုက်စေနိုင်

Tue, 04/03/2012 - 04:56 -- Anonymous (not verified)

    အမေရိကန်မှ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းများ တင်သွင်း ခြင်းကိုသွင်းကုန်ခွန်များလျှော့ချပေးရန် တိုက်တွန်းရင်း အဲဒီလို အခွန်တိုးမြှင့်မှုများက ရေရှည်တွင်နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံ မှုများကို ထူးထူးကဲကဲ ထိခိုက်စေနိုင်ကြောင်း အမေရိ ကန် ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျွန်ဘရိုင်ဆန် က မတ် ၂၆ ရက်က ပြောပါတယ်။ အကယ်၍ အိန္ဒိယနိုင်ငံ ကအမေရိကန်ထုတ်ကုန်များကို လွယ်ကူစွာဝယ်ယူနိုင်လို့ မရ လျှင်သော် လည်းကောင်း၊ အမေရိကန် စီးပွားရေးလုပ်ငန်းများ ထံမှမဟာဗျူဟာရင်းနှီးမြှုပ်နှံမှုများကို မရနိုင်လျှင်သော် လည်းကောင်း၊ နှစ်နိုင်ငံတိုးတက်မှု ကိုနှေးကွေးစေနိုင်ကြောင်း သူက ပြောပါ တယ်။ ဒီအခြေအနေကြောင့် ရေရှည်မှာ ထူးထူး ခြားခြား ထိခိုက်မှုရှိစေနိုင်တယ်လို့ အိန္ဒိယ ကုန်သည် ကြီးများ နှင့် စက်မှု လုပ်ငန်းရှင်များအသင်း (FICCI)  က နယူးဒေလီ မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ဘရိုင်ဆန် ကပြောပါတယ်။    စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးအဖြစ် အိန္ဒိယနိုင်ငံသို့တရားဝင် ပထမဆုံးလာရောက်သူဘရိုင်ဆန်က  အမေရိကန် ပြည်ထောင်စုမှတင်သွင်းတဲ့ ကုန်ပစ္စည်းများကို အိန္ဒိယနိုင်ငံကအခွန်အမျိုးမျိုးပြဌာန်းထားကြောင်း ပြောပါ တယ်။ အခွန်အများကြီးကောက်ခံတဲ့ အမေရိကန် ကုန်ပစ္စည်း တွေလည်း အများကြီးရှိနေသေးတယ်လို့ သူက ပြောပါတယ်။ လျှပ်စစ် ဓာတ်အားထုတ်လုပ်တဲ့ ယန္တရားတို့လို မတည်ရင်းနှီး ကုန်ပစ္စည်းတွေကိုအခြေခံအခွန် ၇ ဒသမ ၅ ရာခိုင်နှုန်း ကောက်ခံထားရာ အခြားအခွန်များကိုပါ ပေါင်းလိုက်တဲ့အခါ အခွန်အရပ်ရပ် ၂၂ ရာခိုင်နှုန်းရှိလာကြောင်း၊ ဆေးဝါး ထုတ် ကုန် ပစ္စည်းအချို့မှာလည်း ၇ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း နှင့် စပျစ်သီးနဲ့ တခြားသီးနှံတွေကို အကောက်ခွန် ၃၀ ရာ ခိုင်နှုန်း ကောက်ခံကြောင်း သူက ပြောပါတယ်။    အိုင်တီ၊ အီလက်ထရွန်းနစ်နဲ့ နေစွမ်းအင်တို့လို နယ် ပယ်များမှာ အမေရိကန်က ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အစီအမံများအတွက် စိုးရိမ်မိ ကြောင်း၊ ထိုသို့ဆောင်ရွက်မှုကြောင့် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံ ရန် ခက်ခဲကြောင်း သူက ပြောပါတယ်။ အမေရိကန်တွင် အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဘီလီယံမျှသာ ရှိသေးတဲ့ အတွက် ဖြစ်နိုင်တဲ့အလားအလာထက် နည်းနေတာကြောင့် ရင်းနှီးမြှုပ်နှံမှုကိုတိုးမြှင့်ရန်အိန္ဒိယလုပ်ငန်းရှင်များကိုဘရိုင်ဆန် ကတိုက်တွန်းပါတယ်။             Source.southasia.com