ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သတင်းအချက်အလက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်

  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း သည် မတ် ၂၅ ရက် နံနက် ၉ နာရီခွဲ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် အမျိုးသားစီမံကိန်း နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန တို့ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် သတင်းအချက်အလက် နှင့် နည်းပညာ  ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုများအား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။    ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း သည်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ရုံးသို့ ရောက်ရှိလာရာ အမျိုးသား စီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဦးဝင်းမြင့်၊ အမျိုးသား စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာ ကံဇော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ ကကြိုဆိုကြသည်။    ရှေးဦးစွာ ဒုတိယ သမ္မတအား ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ကသတင်းအချက်အလက်နှင့် နည်း ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် မိမိ တို့ဝန်ကြီးဌာနအနေဖြင့် ၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍  e-government  လုပ်ငန်းများကို အရှိန်အဟုန်မြှင့် တင်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊မိမိဝန်ကြီးဌာနအနေဖြင့် ခေတ်မီ ICT  နည်းပညာကို အသုံးပြု ပြီး ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရန် နှင့်ရုံးလုပ်ငန်းစီမံခန့်ခွဲမှု မြန်ဆန်ကောင်း မွန်အောင် ဆောင်ရွက်ရာတွင် ဝန်ကြီး ဌာနအနေဖြင့်  website  ၃ ခု၊အပတ် စဉ်ထုတ် စီးပွားရေးဂျာနယ် ၁ စောင်၊ လစဉ်ထုတ်စီးပွားရေးဂျာနယ်၁ စောင် နှင့် Software Application  ၁၁ ခု တို့အား အသုံးပြုဆောင်ရွက်လျက်ရှိပါ ကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။    ယင်းနောက် သွင်းကုန်လုပ်ငန်း ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမင်းမင်းက မိမိတို့ဝန်ကြီးဌာနမှ အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိသည့်website များ၊ Software Application   များ၊ computer ကွန်ရက် တည်ဆောက် ထားရှိမှုနှင့် video conferencing   စနစ်ဖြင့် အစည်းအဝေးကျင်းပနေမှုတို့ အားရှင်းလင်းတင်ပြသည်။    ထို့နောက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သတင်းအ ချက်အလက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက် ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေနှင့်ဆက် လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။    တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ကမိမိအနေဖြင့် ဝန်ကြီးဌာနများအ လိုက် e-government စနစ်ဆောင် ရွက်ထားရှိမှုအခြေအနေကို သိရှိလို၍ လာရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် န-ါသလနမညာနညအ လုပ်ငန်းများအကောင်အထည်ဖော်ဆောင် ရွက်ထားရှိမှုကို တွေ့ရှိရပါကြောင်း၊နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆို လျှင်  Infrastructure နှင့် Superstructure  နှစ်ခုစလုံးလိုအပ်မှာဖြစ် ကြောင်း၊ Infrastructure   ပိုင်းမှာ လမ်း၊တံတား၊ဆက်သွယ်ရေး၊ လျှပ်စစ်မီး အပိုင်းများအဓိကကျကြောင်း၊ တိုင်း ပြည်တိုးတက်လာရန်အတွက် e-government  စနစ်ကို အကောင် အထည် ဖော်သွားရမှာဖြစ်ကြောင်း၊ ဝန်ကြီးဌာန များ အနေဖြင့် e-government စနစ် များကို ဆက်လက် အကောင် အထည် ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။သို့မှသာ မိမိတို့နိုင်ငံသည်လည်း နိုင်ငံတကာနှင့် ရင်ဘောင်တန်းပြီး ICT နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ အများပြည်သူများမှ အစိုးရရုံး၊ ဌာနများနှင့် လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ရာတွင် လူကိုယ် တိုင်လာရန်မလိုဘဲ  online   မှ ဆက်သွယ်ဆောင်ရွက်နိုင်သည့် အဆင့်မျိုးဖြစ် အောင် အကောင်အထည်ဖော်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံသားများ၏ ဉာဏ်ရည်ဉာဏ်သွေးမှာမနိမ့်ပါကြောင်း၊ လေ့ကျင့်ပေး ပါက ကျွမ်းကျင်သူ များဖြစ်လာမှာဖြစ်ကြောင်း၊ e-government စနစ် ဖြစ်လာစေရန်အတွက် လိုအပ်သည်များကို လေ့လာဆန်းစစ်၍ ဝန်ကြီးဌာနအသီး သီးမှအင်တိုက် အားတိုက် အကောင် အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများအား လေ့ကျင့်ပျိုးထောင်သည့်လုပ်ငန်းများကို စတင် အကောင် အထည်ဖော်ဆောင်ရွက်ရန်နှင့် လိုအပ်သည့် ပစ္စည်းကိရိယာများကိုလည်း ဝန်ကြီးဌာန များအေ နဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း ဖြင့်ပြောကြားသည်။  ယင်းနောက် ဒုတိယသမ္မတသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနရှိ အကောင် အထည်ဖော် ဆောင်ရွက်ထားရှိသော ဆော့ဖ်ဝဲ Application များလက်တွေ့ဆောင်ရွက်မှုနှင့် Server Room   အတွင်း လှည့် လည်ကြည့်ရှုစစ်ဆေးသည်။