အနုပညာသည်ဆိုတာ မျက်လုံးနဲ့လဲ သရုပ်ဆောင် နိုင်ရမယ်ဆိုတဲ့ မိုးပြည့်ပြည့်မောင်
အနုပညာရှင်ဆိုတာ မျက်လုံးနဲ့လည်း သရုပ်ဆောင်နိုင် ရတယ်လို့ပြောတဲ့ မိုးပြည့်ပြည့်မောင်က..."အနုပညာရှင်ဆို တာ မျက်လုံးနဲ့လည်း သရုပ်ဆောင်နိုင်ဖို့လိုတယ်လေ။ မိုးပြည့် မျက်လုံး ကိုတော့ သိပ်ဂရုမစိုက်ဖြစ်ဘူး။ မြင်းခွာရွက်စားတာတို့ တချို့ ဆေးတွေသုံးတာတို့ လုပ်သင့်တယ်။ မိုးပြည့်က ပေါ့တာလေ။ ငယ်သေးတာကို။ နည်းနည်းလေး အသက်အရွယ်ရလာပြီဆိုရင် မျက်လုံးတွေထိခိုက်တော့မှာ။ အခုနေလည်း မိုးပြည့်တို့ မီးတွေမှန် တွေ အထိုးခံထားရတာဆိုတော့ မျက်လုံးတွေလည်း သိပ် မကောင်းတော့ဘူး။ စာဖတ်ပြီဆိုရင် နာရီဝက်လောက်ဆိုတာနဲ့ မျက်လုံးတွေစပ်၊ ဇက်ကြောတွေတက်နဲ့"လို့ဆိုပြီး ဆင်ခြင်မိတဲ့ သူမက... သူမရဲ့ မျက်တောင်တွေနဲ့ ပတ်သက်ပြီး "မိုးပြည့်က ငယ်ငယ် ကတည်းက မျက်တောင်ရှည်တော့ mascara နဲ့ပဲကော့တယ်။ မိုးပြည့်က ငိုခန်းရိုက်ရတာပဲ များတော့ရေစိုခံပဲသုံးတယ်။ မိုး ပြည့် အမြဲသုံးတာက Almay mascar ပါ။ အရင်တုန်းကမျက်တောင် အထူကြီးပဲ။ အခု တဖြည်းဖြည်းပါးလာတာ" လို့ ဆိုပါတယ်။
