Main menu

Background

ဈေးအေးပြီး အရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ ဟင်္သာတမတ်ပဲ

Sun, 04/08/2012 - 09:00 -- Anonymous (not verified)

    ဟင်္သာတဈေးကွက်ရှိ မတ်ပဲဈေးမှာ ယခင်တစ်ပတ်က ပိဿာ ၂၀ ဝင် တစ်တင်းကို ၁၂၄၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်းကို ၁၂၁၀၀ ကျပ်ကိုဈေးအေးသွားသော်လည်း အရောင်းအဝယ် ကတော့ ပုံမှန်ဖြစ်နေပါတယ်။ အချို့တောင်သူကြီးများက ပဲဈေးအတက်ကို မျှော်မှန်းပြီး၊ ယခုပေါက်ဈေးများနဲ့ ရောင်းဝယ်ခြင်းမပြုကြဘဲ သိုလှောင်ထားခြင်း များ ပြုလုပ်ကြပါ တယ်။ ရန်ကုန်ဝယ်လက်များမှလည်း ဈေးချဝယ်ယူနေတာကြောင့် နေ့စဉ်ပျမ်းမျှ အိတ် ၃၀၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။               အေးအေးခိုင်