ပြည်မတ်ပဲဈေးလျော့လာပေမယ့် ပုံမှန်အရောင်းအဝယ်ဖြစ်နေ

    ပြည်ပဲဈေးကွက်ကို ဝက်ထီးကန်၊ ပေါင်းတလည်၊ ကံမ၊ ပန်းတောင်း၊ ရွှေတောင်၊ ကျီသဲဘက်မှ မတ်ပဲ အဝင်များနေပြီး၊ တစ်နေ့ကို အိတ် ၁၀၀၀ ခန့် အဝင်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုကတော့ ပဲဟောင်း အရောင်း အဝယ်မဖြစ်ဘဲ၊ ပဲသစ်သာ အဝယ်ရှိပြီး၊ ရန်ကုန်ဝယ်လက်များ အဝယ်ရှိတယ်လို့ သိရပါတယ်။ပဲဈေးကတော့ ယခင်တစ်ပတ်ထက် လျော့နေပြီး၊ တစ်တင်းကို ၁၂၁၀၀ ကျပ်ခန့်ရှိတယ်လို့ သိရပါတယ်။ ပြည်မှ  ရန်ကုန် ဘုရင့်နောင်ကို ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၅၀၀၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။မိမိအေး