Main menu

Background

ပဲစင်းငုံ ပြည်ပတင်ပို့မှု မတ်လမှာ ဖေဖော်ဝါရီလထက်လျော့နည်း

Sun, 04/08/2012 - 09:03 -- Anonymous (not verified)

    ပဲစင်းငုံပြည်ပတင်ပို့မှုကို လေ့လာကြည့်ရင် ၂၀၁၂ မတ်လမှာ တန်ချိန် သုံး သောင်းကျော်ရှိပြီး ဖေဖော်ဝါရီလမှာတန်ချိန် ၄၇၀၀၀ ကျော်ထိတင်ပို့ခဲ့လို့ မတ်လ မှာ တန်တစ်သောင်းကျော်လျော့ကျတင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၁ မတ်လ တင်ပို့မှု တန်ချိန် ၁၉၀၀၀ ခန့်နဲ့ ယှဉ်ရင်တော့ ၂၀၁၂ မတ်လမှာ တန်တစ်သောင်းကျော် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ မတ်လ ၂၆ ရက်မှ ၃၁ ရက်အထိ တစ်ပတ်အတွင်း တင်ပို့မှု အနေနဲ့ ယခင်တစ်ပတ် တင်ပို့မှုထက် လျော့နည်းပြီး တန်ချိန် ၄၄၀၀ ခန့်သာ တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။    ၂၀၁၁-၁၂ ဘဏ္ဍာနှစ်  တစ်နှစ်လုံး ပဲစင်းငုံတင်ပို့မှုကို  လေ့လာကြည့်ရင် တန်ချိန် ၃၂၀၀၀၀ နီးပါးရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၉၀ ကျော်ရရှိကြောင်း သိရပါတယ်။ ၂၀၁၀-၁၁ တစ်နှစ်လုံးမှာ ပဲစင်းငုံတန်ချိန် ၁၄၆၀၀၀ ကျော်နဲ့ ဝင်ငွေ ကန်ဒေါ်လာ ၁၂၂ သန်း နီးပါးရှိလို့ ယခုနှစ်မှာ ပမာဏအားဖြင့် တစ်ဆကျော် ပိုမိုတင်ပို့နိုင်ပြီး ဝင်ငွေအားဖြင့်ကန်ဒေါ်လာ ၇၀ သန်းခန့်သာပိုမိုရရှိကြောင်း သိရ ပါတယ်။ လက်ရှိရောင်းဝယ်မှုအခြေအနေအရ လာမယ့်သီတင်းပတ်တွေမှာ တင်ပို့မှု လျော့ကျဖွယ်ရှိနေပါတယ်။MIRT - MAPT