Main menu

Background

ပဲစင်းငုံ တင်သွင်းလက်ကျန်များ ရှိနေတာကြောင့် အိန္ဒိယ ပဲစင်းငုံဈေး ပြောင်းလဲမှု နည်း

Sun, 04/08/2012 - 09:05 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပြည်ပကတင်သွင်းထားတဲ့ ပဲစင်းငုံ လက်ကျန်တွေရှိနေတဲ့အပြင် gulabi   ပဲစင်းငုံများ လာမယ့်သီတင်းပတ်တွေမှာ ဝင်ရောက်လာတော့မှာဖြစ်လို့ ဈေးကျဆင်းမယ်လို့ ကုန်သည်များက မျှော်လင့်နေ ကြပါတယ်။လတ်တလောမှာတော့အရောင်းအဝယ်အေးပြီးဈေးပြောင်းလဲမှု အနည်း ငယ်သာ ရှိတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း မွန်ဘိုင်းဆိပ်ကမ်း ကို မြန်မာပဲစင်းငုံ ကွန်တိန်နာ ၂၈၅ လုံး၊ မာလာဝီပဲစင်းငုံ ၂၉ လုံး၊ မိုဇမ်းဘစ် ပဲစင်းငုံ ၉ လုံးနဲ့ မာလာဝီ ပဲစင်းငုံခွဲခြမ်း ၃ လုံး ဝင်ရောက်ကြောင်းနဲ့ ချန်နိုင်းဆိပ် ကမ်းကိုကွန်တိန်နာ ၆ လုံးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံဈေးက လက်ရှိ ဈေးဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နိုင်ကြောင်း ခန့်မှန်းကြပါတယ်။    ဒေါ်လာ/ တန်                ၄-၄-၂၀၁၂    ၃-၄-၂၀၁၂    ၂-၄-၂၀၁၂    ၃၁-၃-၂၀၁၂မွန်ဘိုင်း           ၅၉၄            ၅၉၆            ၅၉၄             ၅၉၂ဒေလီ              ၆၃၇           ၆၄၃            ၆၃၉                 -ချန်နိုင်း            ၆၂၇           ၆၃၃            ၆၂၉                 -MIRT(MAPT)