ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် တစ်ပတ်အရောင်းအဝယ်ဖြစ်တဲ့ ပမာဏလိုပဲ ယခုတစ်ပတ် မတ်လ ၃၁ ရက်မှ ဧပြီလ ၅ ရက်အတွင်းမှာလည်း တန်ချိန် ၆၈၀၀ ကျော် အရောင်းအဝယ် စာချုပ် နိုင်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီအရောင်းအဝယ်ဖြစ်မှု ပိုများပြီး ဖြူနီစများ လည်း ပုံမှန်အဝယ်ရှိနေကြောင်း သိရပါတယ်။ အိန္ဒိယ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ ယခုနှစ်ပဲစင်းငုံ အထွက် လျော့လို့ ပြည်ပကတင်သွင်းမှု ၁၆ ရာခိုင်နှုန်းခန့်ပိုမိုမယ်လို့ခန့်မှန်းထားသလို မြန်မာ နိုင်ငံကလည်း ပုံမှန်ဝယ်ယူတင်သွင်းနေတာ တွေ့ရပါတယ်။ လာမယ့်ကာလတွေမှာ လက်ကျန်နည်းသထက်နည်းလာမှာဖြစ်လို့ မေ၊ ဇွန်လတွေမှာ ယခုထက်ဝယ်လိုအား ကောင်းနိုင်တယ်လို့ ကုန်သည်ကြီးများ ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေး ကတော့ ပြောင်းလဲမှုမရှိဘဲ ငြိမ်နေတာတွေ့ရပါတယ်။ ဧပြီလ ၅ ရက်နေ့မှာ ပဲစင်းငုံနီ အသစ် တစ်တန် ကန်ဒေါ်လာ ၅၆၀-၅၈၀၊ ဖြူနီနဲ့ အဖြူအသစ်မှာ ကန်ဒေါ်လာ ၄၆၀-၄၈၀ ရှိပြီး အနီအဟောင်း တစ်တန် ကန်ဒေါ်လာ ၅၃၅-၅၅၅ နဲ့ ဖြူနီ အဟောင်းမှာ ကန်ဒေါ်လာ ၄၁၀-၄၃၀ ရှိကြောင်း သိရပါတယ်။ MIRT - MAPT
Background