ကယားပြည်နယ်၊ လွိုင်ကော်ပဲစင်းငုံဈေးကွက်မှာ ဧပြီပထမပတ်အတွင်း အနီ တစ်ပိဿာ ၆၈၀ ကျပ်၊ အဖြူလုံးကြီးတစ်ပိဿာ ၅၄၀ ကျပ်နဲ့ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ပတ်ဝန်းကျင်မြို့ရွာများမှ လွိုင်ကော်ဈေးကွက် ကို ပဲစင်းငုံဝင် ရောက် မှုအနေနဲ့ တစ်ရက်ပိဿာ ၃၀ ဝင် ၂၀၀ အိတ် ဝန်းကျင်သာ ဝင်ရောက်မှု ရှိနေ တာကြောင့် အခုလို အဝင်နည်းလာခြင်းမှာ ပဲလှောင်လက်များကြောင့် မဟုတ်ဘဲ ပဲစင်းငုံ စိုက်ခင်းများမှာ မိုးများခြင်း၊ ပိုးကျ ရောက်ခြင်း၊ နှင်းခါးကျရောက်ခြင်းနဲ့ အချို့မှာ တောမီးလောင်ခံရခြင်းများကြောင့် အထွက်နှုန်းကျဆင်းမှုကြောင့် ဖြစ် ကြောင်း၊ ပဲကုန်သည်တစ်ဦးရဲ့ အဆိုအရ သိရပါတယ်။ လွိုင်ကော်မှ ပဲစင်းငုံ တင်ပို့နိုင်မှုအနေနဲ့ မတ်လ ၁ ရက်မှ ၃၁ ရက်အထိ ၁၉၅၁၅ အိတ် တင်ပို့နိုင်ခဲ့ပြီး၊ ယခင်လကထက် ၁၀၁၅ အိတ် လျော့နည်းခဲ့ကြောင်းနဲ့ ၂၀၁၂ ဖေဖော်ဝါရီလ ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှ ရန်ကုန်၊ မန္တလေးမြို့များကို ပဲစင်းငုံ တင်ပို့ခဲ့မှု မှာ ၂၀၅၃၀ အိတ် ၁၀၀၆ တန်ဖြစ်ကြောင်း သိရပါတယ်။ မင်းအောင်
Background