Main menu

Background

မတ်လ ပဲလွန်းဖြူ တင်ပို့မှု ဖေဖော်ဝါရီလထက် ၁ ဆပိုမို

Sun, 04/08/2012 - 09:08 -- Anonymous (not verified)

    ၂၀၁၂ ခုနှစ် မတ်လအတွင်း ပဲလွန်းဖြူ တင်ပို့မှုမှာတန်ချိန် ၈၀၀၀ ရှိ ပြီးဖေဖော်ဝါရီလမှာတန်ချိန် ၄၈၀၀ ခန့် တင်ပို့ခဲ့လို့ မတ်လမှာ ၁ ဆနီးပါးပိုမို တင် ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၁ မတ်လအတွင်းမှာ ပဲလွန်းဖြူ စုစု ပေါင်း တန်ချိန် ၆၅၀၀ ကျော်တင်ပို့မှု ရှိခဲ့လို့ ယခုနှစ် ကာလတူတင်ပို့မှု ပိုများ လာခဲ့ပါတယ်။ မတ်လ ၂၆ ရက်မှ ၃၁ ရက်အထိ တစ်ပတ်အတွင်း တင်ပို့မှု အနေနဲ့ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊မလေးရှား၊စင်ကာပူနဲ့ ဗီယက် နမ်ကို တန်ချိန် ၁၄၀၀ နီးပါးတင်ပို့ခဲ့တာ တွေ့ရပါတယ်။    ၂၀၁၁-၁၂ ဘဏ္ဍာနှစ် တစ်နှစ် လုံးမှာ ပဲလွန်းဖြူ စုစုပေါင်း တန်ချိန် ၃၅၀၀၀ ကျော်မှကန်ဒေါ်လာသန်း ၃၀ ကျော်ရရှိခဲ့ပြီးယခင်၂၀၁၀-၁၁ ဘဏ္ဍာ နှစ်အတွင်းမှာတန်ချိန် ၂၈၀၀၀ ကျော်မှ ကန်ဒေါ်လာ ၂၄ သန်းကျော်ရရှိခဲ့လို့ ယခုနှစ်မှာ တန်ချိန် ၇၀၀၀ ခန့်ပိုမို တင်ပို့ နိုင်ကြောင်း သိရပါတယ်။    ရန်ကုန်ၤဥြဈေးကွက်မှာ မတ်လ ၃၁ ရက်မှဧပြီလ ၅ရက်အထိ အရောင်း အဝယ် စာချုပ် ချုပ်ဆိုမှုမှာ တန်ချိန် ၁၂၀၀ ခန့်နဲ့ ပုံမှန်ရှိနေကြောင်း သိရ ပါတယ်။ အရောင်းအဝယ် ပုံမှန်ရှိနေ သလိုၤဥြဈေးမှာလည်း ပြောင်းလဲခြင်း မရှိဘဲ ဧပြီလ ၅ ရက်မှာ ပဲလွန်းဖြူ    FAQ တစ်တန်ကန်ဒေါ်လာ ၆၆၀-၆၈၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT