Main menu

Background

ဝယ်လက်အေးလို့ ဈေးပြန်အေးနေတဲ့ ဟင်္သာတ ပဲလွန်းဖြူ

Sun, 04/08/2012 - 09:08 -- Anonymous (not verified)

    ဟင်္သာတ ဈေးကွက် အတွင်း ပဲလွန်းဖြူဈေးဟာ စပေါ်ခါစ ဒီဇင်ဘာ လဆန်းမှာပဲလွန်းဖြူ တစ်တင်း ၁၈၀၀၀ ကျပ်ဈေးရှိခဲ့ပါတယ်။ ဇန်နဝါရီလရဲ့ ဒုတိယပတ်မှာ ဈေးအနည်းငယ် တက် လာပြီး ဇန်နဝါရီလ စတုတ္ထပတ်မှာ တစ် တင်းကို ၁၆၅၀၀ကျပ်နဲ့ ဈေးပြန်ကျသွား ပါတယ်။ ဖေဖော်ဝါရီလထဲမှာ အမြင့် ဆုံးဈေး ၁၅၆၀၀ ကျပ်ဖြစ်ပြီး၊ မတ်လထဲ မှာ ပဲတစ်တင်းအမြင့်ဆုံးဈေး ၁၃၅၀၀ ကျပ်၊ဧပြီလဆန်းယခုအပတ် တစ်တင်း ကို ၁၁၅၀၀ ကျပ်ဈေးနဲ့ အကျဘက်ကို သာ ဦးတည်နေကြောင်း သိရပါတယ်။ ယခုတစ်ပတ် ပဲလွန်းဖြူ ဈေးကွက်ရဲ့ အရောင်းအဝယ်ဖြစ်မှု အခြေအနေမှာ ဈေးလည်းအေး၊ ဝယ်လက်လည်းအေး၊ အရောင်းလည်း အေးသွားပြီး၊ ရန်ကုန် ဈေးကွက်ကို တစ်ရက် ပျမ်းမျှ အိတ် ၂၅၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါ တယ်။    အေးအေးခိုင်