ပင်လယ်ရေကြောင်းက ပဲမျိုးစုံတင်ပို့ရာမှာ မတ်လအတွင်း ပဲတီစိမ်းတင်ပို့မှုက စံချိန်တင်များပြားခဲ့ပါတယ်။ ၂၀၁၂ မတ်လမှာ ပဲတီစိမ်းတန်ချိန် ၅၄၀၀၀ နီးပါးရှိပြီး ဖေဖော်ဝါရီလမှာ တန်ချိန် ၄၆၀၀၀ ကျော်တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၁ မတ်လအတွင်းမှာ ပဲတီစိမ်းတန်ချိန် သုံးသောင်းနီးပါးတင်ပို့ခဲ့လို့ ယခုနှစ် မတ်လမှာ တန်ချိန် ၂၄၀၀၀ ကျော်ပိုမို တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ ပဲတီစိမ်း စုစုပေါင်း တန်ချိန် ၃၅၅၀၀၀ နီးပါးရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၁၆ သန်းနီးပါးရရှိကြောင်း သိရပါတယ်။ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်အတွင်းမှာ တန်ချိန် ၂၆၈၀၀၀ ကျော်မှ ကန်ဒေါ်လာ သန်း ၃၀၀ နီးပါးရရှိလို့ ယခုနှစ်ကာလတူမှာ ပမာဏအားဖြင့် တန်ချိန် ၉ သောင်းနီးပါး ပိုမိုပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၆ သန်းခန့်သာ ပိုမိုရရှိကြောင်း သိရပါတယ်။ မတ်လ နောက်ဆုံးသီတင်းပတ် (၂၆-၃၁ ရက်)အတွင်း ပဲတီစိမ်းတန်ချိန် ၁၁၀၀၀ ကျော်တင်ပို့မှုရှိခဲ့ပါတယ်။MIRT - MAPT
Background