Main menu

Background

ရန်ကုန် FOB ပဲတီစိမ်း အရောင်းအဝယ် သိသိသာသာလျော့

Sun, 04/08/2012 - 09:11 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ် (မတ် ၃၁- ဧပြီလ ၅ ရက်) အတွင်း ပဲတီစိမ်း တန် ၅၀၀၀ ခန့်သာ အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က တန် တစ်သောင်းနီးပါးရှိခဲ့လို့ ယခု တစ်ပတ်မှာ ထက်ဝက်ခန့်လျော့ကျရောင်းဝယ်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယ၊ ပါကစ္စတန်ဘက်မှ အဝယ်ရှိနေပေမဲ့ ပြည်တွင်း မှာ ခရမ်းပဲတီရွှေဝါစများ လက်ကျန်သိပ်မများတော့ဘူးလို့ သိရပါတယ်။    ယခုနှစ် ပဲထွက်ရှိမှုလျော့တဲ့အပြင် တင်ပို့မှုမှာလည်း မတ်လအတွင်း ပမာဏများများ တင်ပို့ထားပြီးဖြစ်လို့ လက်ကျန် မများတဲ့အတွက် ရောင်းချမှုနည်းလာကြောင်း သိရပါတယ်။ FOB ဈေးအနေနဲ့ ပြောင်းလဲမှုမရှိဘဲ ဧပြီလ ၅ ရက်မှာ ပခုက္ကူနဲ့ အညာစတစ်တန် ကန်ဒေါ်လာ ၆၅၀-၆၇၀ ရှိပြီး ရွှေဝါအကြီးတစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT