အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေးက ယခုတစ်ပတ်မှာလည်း အပြောင်းအလဲနည်းတာ တွေ့ရပါတယ်။ ပြည်တွင်း ပဲတီစိမ်း ယခင်နှစ်ထွက်ရှိမှု တိုးပေမဲ့ လက်ရှိကာလမှာ နိုင်ငံစုံက ပဲတီစိမ်းများလည်း တင်သွင်းလျက်ရှိနေပါတယ်။ လက်လီပဲခွဲခြမ်းဈေးမှာလည်း ဈေးငြိမ်နေကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း မြန်မာပဲတီစိမ်းကွန်တိန်နာ ၂၁၇ လုံး၊ အင်ဒိုနီးရှား ပဲတီစိမ်း ၅ လုံးနဲ့ သြစတြေးလျ ပဲတီစိမ်း ၁၈ လုံး မွန်ဘိုင်းဆိပ်ကမ်းကို ဝင်ရောက်ပြီး ချန်နိုင်းဆိပ်ကမ်းကို ကွန်တိန်နာ ၈၀ လုံးခန့်ဝင်ရောက်ကြောင်း သိရပါတယ်။ လာမယ့်ရက်တွေမှာလည်း ဈေးတည်ငြိမ်နိုင်ကြောင်း ခန့်မှန်းကြ ပါ တယ်။ ဒေါ်လာ/ တန် ၄-၄-၂၀၁၂ ၃-၄-၂၀၁၂ ၂-၄-၂၀၁၂ ၃၁-၃-၂၀၁၂မွန်ဘိုင်း(ရွှေဝါ) ၈၈၇ ၉၀၀ ၈၉၀ ၈၉၄ချန်နိုင်း(ရွှေဝါ) ၈၈၂ ၈၉၀ ၈၈၅ -ဒေလီ(ပြည်တွင်း) ၉၀၁ ၉၁၀ ၉၀၄ ၉၀၄MIRT(MAPT)
Background