Main menu

Background

ယခုအပတ် ပဲတီစိမ်းအပို့ပို

Sun, 04/08/2012 - 09:14 -- Anonymous (not verified)

    မတ်လ ၂၈ ရက်မှ ဧပြီလ ၃ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၁၃၆ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၈၉ တန် ခန့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၃၇ တန် ပိုမိုတင် ပို့နိုင်ခဲ့ပါတယ်။ မတ်လအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၀၃၁ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၃၈၁ တန် တင်ပို့နိုင်ခဲ့ ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ၂၀၁၁ မတ်လမှ ၂၀၁၂ ဧပြီလထိကာလမှာ နယ်စပ်မှ ပဲတီစိမ်း ၁၃၈၅၀၀ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ပဲတီစိမ်းတစ်တန်လျှင် မိမိဘက်မြေပြင် ပေါက်ဈေးမှာ ၅၉၂၇၅၀ ကျပ်ဖြစ်ပြီး တစ်ဖက်နိုင်ငံ မြေပြင် ဈေးမှာ ၈၂၆ ဒေါ်လာ ယခုအပတ်မှာပေါက်လျက်ရှိပါတယ်။MIRT(DOBT)