Main menu

Background

၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ အိန္ဒိယ ပဲမျိုးစုံတင်သွင်းမှု တန်ချိန် ၃ သန်းကျော်ဖွယ်ရှိ

Sun, 04/08/2012 - 09:27 -- Anonymous (not verified)

    အိန္ဒိယနိုင်ငံရဲ့ ဝယ်လိုအားတိုးတက်နေတာကြောင့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ ပဲမျိုးစုံတင်သွင်းမှု တန်ချိန် ၃ သန်း ကျော်လိမ့်မယ်လို့ အိန္ဒိယ ပဲမျိုးစုံနဲ့ သီးနှံအသင်းဥက္ကဌ   Pravin  Dongre မှ ပြောကြားပါတယ်။ အဲဒီပမာဏထဲက  တစ်ဝက်မှာကနေဒါ၊ရုရှားနဲ့ ပြင်သစ်က ပဲလုံးများဖြစ်ပြီး၊ ကျန်ပဲများကတော့ သြစတြေးလျက ကုလားပဲဖြူလုံးကြီး၊ မြန်မာ နိုင်ငံက မတ်ပဲနဲ့ ပဲတီစိမ်း၊ အာဖရိက ကုလားပဲနဲ့ ပဲစင်းငုံတို့ဖြစ်မယ်လို့ ဆိုပါတယ်။    အိန္ဒိယနိုင်ငံဟာ လူသိများလာတဲ့ အာဂျင်တီးနားက ပဲတီစိမ်းလုံးတွေကိုလည်း တင်သွင်းမှု စတင်လာခဲ့ ကြောင်း သိရပါတယ်။ ယခင်နှစ်က အာဂျင်တီးနားက ပဲစိမ်းလုံး တန်ချိန် ၂၅၀၀၀ ခန့် တင်သွင်းခဲ့ရာမှ ယခုနှစ်မှာ တိုးတက်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။  အိန္ဒိယစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောကြားချက်အရ ကုလားပဲဖြူလုံးကြီး၊ ပဲလုံးနဲ့ပဲစင်းငုံတင်သွင်းမှုဟာ တန်ချိန် ၁ ဒသမ ၇သိန်း၊ ၁၆ ဒသမ ၅၂ သိန်းနဲ့ သုည ဒသမ ၃၄ သိန်းကို အသီးသီးတိုး မယ်လို့ ခန့်မှန်းထားပါတယ်။    အစိုးရရဲ့ ဒုတိယအကြိမ် ခန့်မှန်းချက်အရ ၂၀၁၁-၁၂ ပဲမျိုးစုံ ထုတ်လုပ်မှုဟာ တန်ချိန် ၁၇ ဒသမ ၂၈ သန်းရှိနိုင်ပြီး၊ ၂၀၁၀-၁၁ မှာထွက်ရှိခဲ့တဲ့ တန်ချိန် ၁၈ ဒသမ ၂၄ သန်းထက် ကျဆင်းမယ်လု့ိ ခန့်မှန်းထားပါတယ်။ ပြည်တွင်းထုတ်လုပ်မှုနဲ့ မလုံလောက်တဲ့တန်ချိန် ၃-၄ သန်းခန့်ကို ပြည်ပက တင်သွင်းမှုအပေါ် မှီခိုနေရတာ ဖြစ်ပါတယ်။    နိုင်ငံတကာ ပဲမျိုးစုံကုန်သွယ်ရေးနဲ့ စက်မှုလက်မှုအဖွဲ့မှ ဧပြီလ ၂၁ ရက်မှ ၂၄ ရက်အထိ ဒူဘိုင်းမှာ ၂၀၁၂ နှစ်စဉ် ကမ္ဘာ့ပဲကွန်ဗင်းရှင်းကို ကျင်းပမယ်လို့ ကြေညာထားပါတယ်။ အဲဒီကွန်ဗင်းရှင်းမှာ နိုင်ငံပေါင်း ၅၀ ကျော်က တက်ရောက်သူ ၁၀၀၀ ကျော်တို့မှ အနာဂတ်မှာ ဆောင်ရွက်နိုင်မှုနဲ့ အတွေးအမြင်များကိုဖလှယ်ဖို့ ဆုံကြမယ်လို့ သိရပါတယ်။ ယမင်းခင်Source: Economic  times