Main menu

Background

မတ်လ တစ်လလုံး ကုလားပဲတန်ချိန် ၁၂၀၀၀ ခန့် တင်ပို့မှုရှိ

Sun, 04/08/2012 - 09:29 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့ရာမှာ မတ်လ တစ်လလုံးတန်ချိန် ၁၂၀၀၀ ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ တန်ချိန် ၁၄၀၀ ခန့်သာ တင်ပို့ နိုင်ခဲ့ပြီး ၂၀၁၁ မတ်လ တစ်လလုံးမှာ တန်ချိန် ၄၅၀၀ ခန့်တင်ပို့ခဲ့ကြောင်း သိရပါ တယ်။ မတ်လ ၂၆ ရက်မှ ၃၁ ရက်အထိတစ်ပတ်အတွင်းမှာလည်းတန်ချိန် ၂၈၀၀ ကျော် တင်ပို့မှုရှိတာ တွေ့ရပါတယ်။    ၂၀၁၁-၂၀၁၂  ဘဏ္ဍာနှစ် တစ်နှစ်လုံး ကုလားပဲခွဲခြမ်း ကုလားပဲဖြူလုံးကြီး စုစုပေါင်း တန်ချိန် ၇၈၇၀၀ ကျော်ရှိပြီး ဝင်ငွေအနေနဲ့ ကန်ဒေါ်လာ ၆၅ သန်း ကျော် ရရှိကြောင်း သိရပါတယ်။ ယခင် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် အတွင်း ကုလားပဲ ဖြူလုံးကြီးစုစုပေါင်း တန်ချိန် ၈၅၀၀ ခန့်သာ တင်ပို့မှုရှိခဲ့လို့ ၂၀၁၁-၁၂ မှာ ကုလားပဲ တင်ပို့မှု သိသိသာသာပြန်လည်တိုးတက်ခဲ့ပါတယ်။ ယခု ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ လည်း ကုလားပဲတင်ပို့မှု ဆက်လက် ကောင်းနိုင်ကြောင်း ခန့်မှန်းကြပါတယ်။     ရန်ကုန် FOB ဈေးကွက်မှာ မတ်လ ၃၁ ရက်မှ ဧပြီလ ၅ ရက်အတွင်း ကုလားပဲခွဲခြမ်းနဲ့ ကုလားပဲဖြူလုံးကြီး စုစုပေါင်း တန် ၈၀၀ ခန့်သာ အရောင်း အဝယ်စာချုပ်နိုင်ခဲ့လို့ ယခင်သီတင်းပတ်ထက် လျော့ကျလာခဲ့ပါတယ်။ ကုလားပဲကို ပြည်တွင်းမှာလည်း အသုံးများတာကြောင့် ရောင်းအားနည်းကြောင်း သိရပါသည်။ ရန်ကုန် FOB ဈေးမှာ ပြောင်းလဲခြင်းမရှိဘဲ ဧပြီလ ၅ ရက်မှာလည်း ယခင် တစ်ပတ်ဈေးအတိုင်း ကန်ဒေါ်လာ ၇၄၀-၇၆၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT