Main menu

Background

မုံရွာကုလားပဲ ဈေးကွက် V2 ဆက်လက်ဈေးမာနေ

Sun, 04/08/2012 - 09:33 -- Anonymous (not verified)

    သြင်္ကန်ပွဲတော်မတိုင်မီ ဧပြီ ပထမပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး  V2   ဈေးဆက်လက်မာလျက်ရှိပါတယ်။ ခွဲစက်၊ ကြာဇံစက်၊ ပဲကြော်ဖို စတဲ့ ဒေသတွင်းလုပ်ငန်းသုံးအဖြစ် မပါမဖြစ်ပဲဖြစ်လို့ လုပ်ငန်းသမားတွေ ဝယ်လိုအား မြင့်လာကာ ယခုလိုဈေးမာနေခြင်းဖြစ်တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါ တယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မုံရွာကုန်စည်ဒိုင် ကုလားပဲပေါက်ဈေးများ ရဲ့ တစ်တင်း အနိမ့်ဆုံးနဲ့ အမြင့်ဆုံးဈေးမှာ ကုလားပဲရိုးရိုး ၁၃၄၀၀ ကျပ်၊ ကုလားပဲ တိုင်ပေ ၁၄၅၀၀ ကျပ်မှ ၁၄၈၀၀ ကျပ်၊ ကုလားပဲ 929 ၁၄၆၀၀ ကျပ်မှ ၁၄၉၀၀ ကျပ်နဲ့ ကုလားပဲဖြူလုံးကြီး  V2  ၁၆၈၀၀ ကျပ်မှ ၁၇၂၀၀ ကျပ်ဖြစ်ပါတယ်။ မုံရွာ ကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ကုလားပဲမျိုးစုံ တစ်ရက်ပျမ်းမျှ အိတ် ၃၀၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မန္တလေး၊ ရန်ကုန်တင်ပို့မှု အနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။ထွန်းလှိုင်