Main menu

Background

အောင်ပန်းချင်းဈေးကွက်သို့ ချင်းအဝင်များ

Sun, 04/08/2012 - 09:39 -- Anonymous (not verified)

    သြင်္ကန်နားနီးလာပြီဖြစ်တာကြောင့် ငွေလိုနေတဲ့တောင်သူတွေ ထုတ်ရောင်း လာတာကြောင့်အောင်ပန်းဈေးကွက်မှာချင်းအဝင် များလာပါတယ်။ အချို့တောင်သူ တွေက လက်လီစိတ်နဲ့ ၄ ပိဿာ၊ ၅ ပိဿာ လောက်သာ ရောင်းကြပြီး၊ တချို့ တောင်သူတွေ ကတော့ ပိဿာချိန်ဆယ်ချီပြီး လာရောင်းကြတာကြောင့် နေ့စဉ် ပိဿာချိန် ၄၀၀၊ ၅၀၀ ခန့် ဝင်နေပြီး၊ ဈေးဖိတ်နေ့မှာတော့ ပိဿာချိန် ၁၀၀၀ ခန့် ဝင်နေတယ်လို့သိရပါတယ်။ ဒါပေမဲ့ အရောင်းကတော့မသွက်ပါဘူး။ အဝင်များ လာတာကြောင့် ဈေးကလည်းကျလာပါတယ်။ လှောင်လက်တွေကတော့ ဝယ် လှောင်ထားကြပါတယ်။ သြင်္ကန်ပြီးသွားရင်တော့ ဈေးတက်လာမလား၊ အရောင်း သွက်လာမလား ဆိုပြီး မျှော်လင့်နေကြပါ တယ်။ ဟိုပုံးမှာလည်း ချင်း အရောင်း အဝယ်အေးနေပါတယ်။ တရုတ်ဝယ်လက်တွေ ကလည်း ဈေးမကိုက် တာကြောင့် အဝယ်နားေ နတယ်လို့လည်းသိရပါတယ်။     ဒီတစ်ပတ်ချင်းဈေးတွေက အောင်ပန်းဈေးကွက်မှာ ချင်း (စို) တစ်ပိဿာ ၃၀၀ ကျပ်၊ ၃၅၀ ကျပ်နဲ့ ချင်းခြောက်ကတစ်ပိဿာ ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ် ဈေးရှိပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ ချင်း (စို)က တစ်ပိဿာ ၂၈၀ ကျပ်ဈေး သာရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။                                                     ဧဧခိုင်