Main menu

Background

မတ်လမှ မန်ကျည်းတင်ပို့မှု ပို

Sun, 04/08/2012 - 09:46 -- Anonymous (not verified)

    မတ်လ ၂၅ ရက်မှ ၃၁ ရက် ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှမန်ကျည်း၁၄၈၆ ဒသမ ၅တန်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒီသီတင်းပတ် မန်ကျည်း တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်က စင်ကာပူနိုင်ငံကို ၁၇၅ တန်၊ အင်ဒိုနီး ရှားနိုင်ငံကို ၆၇၂ဒသမ ၅ တန်၊မလေးရှားနိုင်ငံကို ၂၆၄ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၃၇၅ တန် အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် မန်ကျည်းတင်ပို့မှုက တန်ချိန် နှစ်ထောင့်နှစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မန်ကျည်းအဝင်တန်ချိန်နဲ့ ယှဉ်ရင် တန်ချိန် ခုနှစ်ရာကျော်လျော့နည်းပြီး တင်ပို့နိုင်တာ တွေ့ရပါတယ်။    လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မတ်လရဲ့ စုစုပေါင်း မန်ကျည်းတင်ပို့မှုက တန်ချိန် ၈၃၃၁ ဒသမ ၄ တန်ရှိခဲ့ပြီး ဖေဖော်ဝါရီလရဲ့ တင်ပို့မှုက ၆၂၆၆ တန်ရှိခဲ့ တာကြောင့် မတ်လမှာ ဖေဖော်ဝါရီလထက် တန် နှစ်ထောင်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ တာတွေ့ရပါတယ်။ တစ်တန်ကို FOB  ဈေး ကန်ဒေါ်လာ ၄၆၀ ဝန်းကျင်ရရှိ ခဲ့တာကြောင့် စုစု ပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ခြောက်သိန်းရှစ်သောင်း ကျော် ရရှိခဲ့ပါတယ်။                                               MIRT (DOT)