ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မတ်လ ၂၅ ရက်မှ ၃၁ ရက်ကာလအတွင်း နနွင်း ၁၁၃ ဒသမ ၉၈ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ဒီ တစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံက မလေးရှားနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်အပို့ ပျောက်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မတ်လအတွင်း နနွင်းတင်ပို့မှုက တန်ချိန် ၁၁၈ ဒသမ ၉၈ တန်ရှိခဲ့ပြီး ဖေဖော်ဝါရီလ နနွင်းတင်ပို့မှုက ၃၁ တန်သာရှိခဲ့တာကြောင့် မတ်လ နနွင်းတင်ပို့မှုက တန်ကိုးဆယ်လောက်ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ တစ်တန်ကို FOB ဈေးကန်ဒေါ်လာ ၇၀၀ ဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ရှစ်သောင်းနီးပါးရရှိခဲ့ပါတယ်။ MIRT (DOT)
Background