Main menu

Background

အိန္ဒိယနနွင်းစိုက်ပျိုးသူများကို ၅၀ ရာခိုင်နှုန်းလျှော့စိုက်ဖို့ တိုက်တွန်း

Sun, 04/08/2012 - 09:57 -- Anonymous (not verified)

    အိန္ဒိယနနွင်းဈေးဟာ ၂၀၁၀ စက်တင်ဘာလအတွင်း တစ်တန် ရူပီး ၁၇၀၀၀၀ (ကန်ဒေါ်လာ ၃၃၃၀) ရှိရာမှ ယခုအခါ ရူပီး ၃၂၀၀၀-၃၅၀၀၀(ကန်ဒေါ်လာ ၆၂၇-၆၈၅)ထိ ကျဆင်းခဲ့ပါတယ်။ ဈေးနှုန်းတစ်ခုကနေ ထပ်မံ ကျဆင်းမှုကို ထိန်းချုပ်ဖို့ တောင်သူများအနေနဲ့ လာမယ့်ရာသီမှာ စိုက်ဧရိယာကို အနည်းဆုံး ၅၀ ရာခိုင်နှုန်းခန့် လျှော့ချသင့်တယ်လို့ လယ်ယာ လုပ်ငန်းဆိုင်ရာ သိပ္ပံပညာရှင်များအဖွဲ့မှ တိုက်တွန်းကြောင်း သိရပါတယ်။ ယင်းသိပ္ပံ ပညာရှင်များအဖွဲ့ဟာ လက်ရှိဝယ်လိုအားနဲ့ ရောင်းချမှု အခြေအနေတို့ကို စုစည်းလေ့လာပြီးနောက် ရောင်းချမှု များစွာ ပိုလျှံနေတာကြောင့် ဈေးကျဆင်းရခြင်းဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။    ပြီးခဲ့တဲ့ နနွင်းရာသီအတွင်းနနွင်းဧရိယာဟာ ၃၀ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့တယ်လို့ ၎င်းင်းတို့ရဲ့ အစီရင်ခံစာ အရ သိရပါ တယ်။ ပန်ဂျပ်လို ပြည်နယ်တွေမှာ အရင်က နနွင်းစိုက်ပျိုးခဲ့ခြင်းမရှိခဲ့ဘဲ နနွင်းမျိုးသစ်များ သိသိသာသာ စိုက်ပျိုးလာကြတယ်လို့ ဆိုပါတယ်။ စုစုပေါင်းရောင်းချမှု (နှစ်စပိုင်းလက်ကျန်နဲ့ ထုတ်လုပ်မှု အပါအဝင်)ဟာ ၇၅ ကီလိုပါအိတ်ပေါင်း ၁၀ သန်းခန့် ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းသုံးစွဲမှုနဲ့ ပြည်ပတင်ပို့မှုမှာ ၉၀ ကီလိုပါအိတ် ၆၅ သိန်း -၇၅ သိန်းခန့် ရှိတယ်လို့ ဆိုပါ တယ်။    တမီလ်နာဒူးစိုက်ပျိုးရေးတက္ကသိုလ်မှ ပြည်တွင်းပြည်ပ ဈေးကွက်လေ့လာရေးဌာန (DEMIC) မှ သိပ္ပံပညာရှင် များဟာ ဈေးကွက်ဝင်းအတွင်း နနွင်းများပုံနေတဲ့အနက် Dharmapuri၊ Athur နဲ့ Mysore  မှ ဝင်ရောက်မှုက ၂၅ ရာခိုင်နှုန်းခန့်ရှိနေ ပါတယ်။ Coimbarore၊ Koelumudi၊ Sivatiri နဲ့ Crade  တို့က နနွင်းများ  မေလမှာ ဝင်ရောက်ဖွယ်ရှိနေပါတယ်။    လက်ငင်းဈေးကွက်တွေမှာ ရောင်းချမှုများပြီး နနွင်းအထွက်ပိုလျှံမယ့်သတင်းတွေအရ နနွင်းကြိုပွိုင့်ဈေးလည်း ကျဆင်းခဲ့ပါ တယ်။ NCDEX  ကုန်စည်ဒိုင်မှာ ဧပြီလက နနွင်းစာချုပ်ဈေးက တစ်တန်ကို ရူပီး ၄၀၃၆၀ (ကန်ဒေါ်လာ ၇၉၁) ဈေးရှိကြောင်း သိရပါတယ်။                                                            ယမင်းခင်၊Source: hindubusinessline