Main menu

Background

နှုန်းရှင်စနစ်ကြောင့် အမေရိကန် ဒေါ်လာဈေးကွက် ငြိမ်သက်

Sun, 04/08/2012 - 10:03 -- Anonymous (not verified)

     ဧပြီလ ၂ ရက်မှ စတင်သတ်မှတ်လိုက်သည့် နှုန်းရှင်စနစ်ကြောင့် အမေရိကန် ဒေါ်လာဈေးကွက်မှာ ငြိမ်သက်လျက်ရှိကြောင်း သိရသည်။အဆိုပါနှုန်းရှင်ကို ဗဟိုဘဏ်မှ နေ့စဉ်ဈေးကွက်ပေါက်ဈေးအလိုက် သတ် မှတ်ပေးပြီး နိုင်ငံခြားငွေလဲလှယ်ခွင့်လိုင်စင်ရ ပုဂ္ဂလိက ဘဏ်များနှင့် အစိုးရဘဏ် များသည် ယင်းနှုန်းထားကို Midrate ယူ၍ (+)သုည ဒသမ ၈ရာခိုင်နှုန်း၊ (-) သုည ဒသမ ၈ရာခိုင်နှုန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ယင်းကဲ့သို့ နှုန်းရှင်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိခြင်းကြောင့် အမေရိကန်ဒေါ် လာဈေးကွက်မှာ ထူးထူးခြားခြားပြောင်းလဲမှုမရှိဘဲ ငြိမ်သက်လျက်ရှိသည်ကို တွေ့ ရသည်။ ဗဟိုဘဏ်မှ စတင်သတ်မှတ်ခဲ့သည့်ဈေးမှာ ၈၁၈ ကျပ်ဖြစ်ပြီး အဆိုပါ ဈေးနှုန်းကို အခြေခံ ၍ ငွေလဲစင်တာများက ဈေးနှုန်းကို သတ်မှတ်ရောင်းဝယ်လျက် ရှိကြောင်း သိရသည်။"အခုဆိုရင် ဗဟိုဘဏ်ကနေ နှုန်းရှင်သတ်မှတ်ပြီး ဒသမ ၈ ရာခိုင်နှုန်းကို အတိုးအလျော့လုပ်ပြီး ရောင်းဝယ်လို့ရနေပါပြီ။ အဲဒီလိုရောင်းဝယ်လို့ရတဲ့အတွက် အတက်အကျ သိပ်မရှိတော့သလို ငွေလဲစင်တာတွေလည်း ဗဟိုဘဏ်က သတ်မှတ် ပေး တဲ့ငွေဈေးအတိုင်း လိုက်ပြီးသတ်မှတ်ရမှာပါ"ဟု သိမ်ဖြူငွေလဲစင်တာမှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်တွင် အမေရိကန်ဒေါ်လာအား ရောင်းဈေး ၈၂၅ ကျပ် ဝယ်ဈေး ၈၁၁ ကျပ်ဖြင့် စတင်ရောင်းဝယ် လျက်ရှိပြီး အများဆုံး ဒေါ် လာတစ်သောင်းအထိ အရောင်းအဝယ်ကို လွတ်လပ်စွာ ရောင်းဝယ်နိုင်ကြောင်း သိရသည်။"ကျွန်မတို့ဘဏ်မှာတော့ ဗဟိုဘဏ်ကချမှတ်ပေးတဲ့ ၈၁၈ ကျပ်ကို အခြေခံပြီး အတက်အကျ သုည ဒသမ ၈ ရာခိုင်နှုန်းနဲ့တွက်ပြီး ဈေးကို သတ်မှတ်ထားပါ တယ်။ ဒီတစ်ပတ်မှာတော့ ရောင်းဈေးက ၈၂၅ ကျပ်နဲ့ ဝယ်ဈေးက ၈၁၁ ဆိုပြီး တော့ ဈေးဖွင့် ထားပါတယ်။ အဲဒီဈေးနဲ့ ဒေါ်လာတစ်သောင်းအထိကို မည်သူမဆို မှတ်ပုံတင် ဒါမှမဟုတ် နိုင်ငံကူးလက်မှတ်ပြပြီး အရောင်းအဝယ်ပြုလုပ်နိုင်ပါတယ်" ဟု အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။မယ်သီတာ