Main menu

Background

ငွေကြေး ဈေးကွက်ကို စောင့်ကြည့်နေသည့်အတွက် ရွှေဈေးကွက် ငြိမ်သက်နေ

Sun, 04/08/2012 - 10:08 -- Anonymous (not verified)

         ဧပြီ ၂ ရက်မှာ ရွှေဈေးနှုန်းက အနည်းငယ်သာ  အပြောင်းအလဲရှိခဲ့ ကြောင်း၊ တရုတ်နိုင်ငံ ငွေကြေးဈေး ကွက်အပေါ်မှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ကိန်းဂဏန်းအချုပ်နဲ့ အီးယူနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်လျက် ရှိကြောင်း သတင်းရရှိပါတယ်။ ယခင် လတွေက လူအများက ဥရောပကြွေးမြီ အကျပ်အတည်းအပေါ်  အာရုံစိုက်မှု တွေရှိနေခဲ့ရတယ်။ ယခုအခါ မသေချာ မရေရာမှုတွေ ရှိသေးသော်လည်း တည် ငြိမ်စပြုနေပြီဖြစ်ကြောင်းနဲ့ ငွေများ လည်းဈေးကွက် ကို ပြန်လည်ဝင်ရောက် လာပြီဖြစ်ကြောင်း သိရှိရတယ်။ပြီးခဲ့တဲ့ ရက်သတ္တပတ်က  ရွှေက တစ်အောင်စကို  ကန်ဒေါ်လာ ၁၇၀၀ ကိုမြင့်တက်သွားခဲ့သော်လည်း ရွှေဈေး နှုန်းက ဖွံ့ဖြိုးတိုးတက်မှုနှုန်း အလား အလာကောင်းတွေကြောင့်တစ်အောင်စ ကို ကန်ဒေါ်လာ ၁၆၅၀ အောက်ကို လျင်မြန်စွာ   ပြန်ကျ ဆင်းသွားခဲ့ရ ကြောင်း အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ Ben Bernanke  က  ပြောကြားခဲ့ တယ်။ ဧပြီ ၂ ရက်က ရွှေလက်ငင်း ဈေးနှုန်း က အနည်းငယ်ပြောင်းလဲကာ တစ်အောင်စကို ကန်ဒေါ်လာ ၁၆၆၈ ဒသမ ၃၃ နဲ့ အရောင်းအ၀ ယ်ဖြစ်ခဲ့ တယ်။ COMEX  ကြိုပွိုင့်ရောင်းဝယ် ရေးမှာ ဧပြီလ  ပစ္စည်းအပ် ရွှေ ကိုပွိုင့် ဈေးနှုန်းက  တစ်အောင်စကို ကန်ဒေါ် လာ ၁၆၇၀ ဒသမ ၂၀ နဲ့ ချုပ်ဆို ခဲ့ပြီး အရောင်းအဝယ် ပါးခဲ့တယ်။အခြား  ပြောင်းလဲမှုသတင်းတွေ မမြင်သေးတာကြောင့် ရွှေဈေးနှုန်းက ကာလတိုအနေနဲ့ တစ်အောင်စကို ကန် ဒေါ်လာ ၁၆၄၀ မှ ၁၆၈၀ ကြားရှိနေဦး မယ်လို့  ကုန်သည်တွေက ပြောကြား လိုက်တယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်က  တရုတ် နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုအချက်အလက် တွေအရ စက်ရုံကြီးတွေရဲ့ ဆောင်ရွက် မှုတွေ အရှိန်မြှင့်တင်နိုင်ခဲ့သော်လည်း စက်ရုံအသေးတွေကတော့ ရုန်းကန်နေ ရဆဲဖြစ်ကြောင်း သတင်းရရှိပါတယ်။ှSource: www.bloomberg.comအေးမွန်မွန်လှိုင်