ဘိလပ်မြေတန် ခြောက်သောင်းကျော်ဝင်ဒီသီတင်းပတ်ဖြစ်တဲ့ မတ် ၂၅ ရက်မှ ၃၁ ရက်တာ ကာလအတွင်း ဘိလပ် မြေ တန်ချိန် ၆၅၅၅၃ ဒသမ ၈၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးဆယ့်ငါး သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စိန်တံဆိပ်ဘိလပ် မြေတန်ချိန် ၁၀၉၀၀ နဲ့ အခြားတံဆိပ် ဘိလပ်မြေမျိုးစုံ တန်ချိန် ၅၄၆၅၃ ဒသမ ၈၂ တန်တင် သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေတင်သွင်းမှု က တန်ချိန် နှစ်သောင်းရှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်ဘိလပ်မြေ အဝင်တန်ချိန်နဲ့ ယှဉ်ရင် ၃ ဆကျော်လောက် ပိုမိုတင်သွင်းနိုင်ခဲ့တာတွေ့ရပါတယ်။လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မတ်လရဲ့ ဘိလပ်မြေအဝင်တန်ချိန်က တန်ချိန် သုံးသိန်းကျော်ရှိခဲ့ပြီး ဖေဖော်ဝါရီလရဲ့ ဘိလပ်မြေအဝင် က တန်ချိန် တစ်သိန်း ကိုးသောင်းကျော်ရှိခဲ့တာကြောင့် မတ်လမှာ ဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။MIRT (DOT)ဘိလပ်မြေဈေးကွက် တည်ငြိမ်နေ မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာ အရင်တစ်ပတ် ဈေးထက် အနည်းငယ်ဈေးကျလာတယ်လို့ ပြောပါတယ်။ မြင်းခေါင်းနဲ့ ဆင်(ထိုင်း) က တစ်အိတ်ကို ၅၀၀ ကျပ်ဈေးကျပြီး ကြံ့ (မြိုင်ကလေး)က ၁၅၀ ကျပ်ဈေးကျလာ ပါတယ်။ ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေတဲ့ဈေးက မြင်းခေါင်းက တစ် အိတ်ကို ၂၉၀၀ ကျပ်၊ ဆင် (ထိုင်း) ဘိလပ်မြေက ၄၉၅၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး) က တစ်အိတ်ကို ၃၈၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ အရောင်းပုံမှန်ရှိပေမဲ့ ကားခ ဈေးအနည်းငယ် မြင့်လို့ ဘိလပ်မြေဈေးတွေလည်း အနည်းငယ်တက်လာတယ် လို့ အရောင်းဆိုင်မှ ဝန်ထမ်း တစ်ဦးက ပြောပါ တယ်။ ခြင်္သေ့ဘိလပ်မြေနဲ့ မြို့တော်ဘိလပ်မြေက ဈေး မတက်ဘဲ စိန်(ယိုးဒယား)က ၅၀၀ ကျပ်နဲ့ နဂါး ဘိလပ်မြေက ၃၀၀ ကျပ်ဈေးမြင့် လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဘိလပ်မြေဈေးက စိန်(ယိုးဒယား)က ၇၉၀၀ ကျပ်၊ ခြင်္သေ့က ၅၀၀၀ ကျပ်၊ မြို့တော်က ၄၅၀၀ ကျပ်နဲ့ နဂါးက ၅၇၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ဘိလပ်မြေက ယခင်တစ်ပတ်ဈေး အတိုင်း မပြောင်းလဲဘဲရှိနေတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပါ တယ်။ ဈေးမပြောင်းပေမဲ့ ရောင်းအားတော့ရှိနေတယ်လို့ ဆိုပါတယ်။ သြင်္ကန်ပိတ် ရက်အတွက် ဒီတစ်ပတ်မှာပိုပြီး အမှာရှိနေတယ်လို့ ပြောပါတယ်။ ဒါကြောင့် ရောင်းအားက ယခင်တစ်ပတ်ထက် ပိုကောင်းတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် ဘိလပ်မြေဈေးက ဆင်(ထိုင်း) ၄၈၅၀ ကျပ်၊ စိန်တံဆိပ် ဘိလပ်မြေက ၄၇၅၀ ကျပ်၊ ကျောက်ဆူးဘိလပ်မြေက ၄၅၀၀ ကျပ်နဲ့ မြင်းခေါင်းက ၃၈၀၀ ကျပ်ဈေးရှိ တယ်လို့ သိရပါတယ်။မကွေးဈေးကွက် ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ သိရပါတယ်။ အရောင်းပုံမှန်ရှိပေမဲ့ ဈေးကလည်း အပြောင်းအလဲမရှိဘဲ တန်းနေတယ်လို့ ပြောပါ တယ်။ ဆင်(ထိုင်း) က တစ်အိတ်ကို ၅၉၀၀ ကျပ်ဖြစ်ပြီး မြင်းခေါင်းက တစ်အိတ်ကို ၄၂၀၀ ကျပ် ဖြစ်တယ်လို့ သိရှိရပါတယ်။ပဲခူးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက အရောင်းသွက်တယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်းသွက်သလို ဈေးကလည်း အနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ဆင်(ထိုင်း)နဲ့ ကြံ့ (မြိုင်ကလေး)က ယခင်ဈေးထက် ၁၀၀ ကျပ်ဈေးမြင့်လာတယ်လို့ ပြောပါတယ်။ ဒီ တစ်ပတ်ဘိလပ် မြေဈေးက ဆင်(ထိုင်း) ၅၄၀၀ ကျပ်၊ စိန်(ထိုင်း) ၅၀၀၀ ကျပ်နဲ့ ကြံ့ (မြိုင်ကလေး) ၄၄၀၀ ကျပ်ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။MIRT (DOT)
Background