Main menu

Background

နှမ်းတင်ပို့မှု ပုံမှန်ပြန်ဖြစ်လာ

Sun, 04/08/2012 - 10:53 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုက ယခင်တစ်ပတ်မှာ တန် ၄၀၀ ခန့်သာ တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် မတ်လ ၂၆ ရက်မှ ၃၁ ရက်အတွင်းမှာတော့ တန်ချိန် ၉၀၀ ကျော်ထိ ပုံမှန်ပြန်တင်ပို့လာနိုင်တာ တွေ့ရပါတယ်။ ၂၀၁၂ မတ်လ တစ်လလုံးမှာ နှမ်းတန်ချိန် ၂၅၅၀ ရှိခဲ့ပြီး ၂၀၁၁ မတ်လမှာ တန်ချိန် ၂၀၀၀ နီးပါးသာ တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။    ၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း နှမ်းပြည်ပကို စုစုပေါင်း တန်ချိန် ၁၂၀၀၀၀ နီးပါးတင်ပို့ခဲ့ခြင်းမှ ကန်ဒေါ်လာ ၁၇၀ သန်း ခန့် ရရှိခဲ့ပါတယ်။ယခင် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် အတွင်းမှာတော့ နှမ်းတန်ချိန် ၈ သောင်းနီးပါး တင်ပိ့ုခြင်းမှ ကန်ဒေါ်လာ ၁၁၄ သန်းရရှိခဲ့လို့ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ နှမ်းတင်ပို့မှု တန်ချိန် ၄ သောင်းခန့်ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။MIRT - MAPT