ဒွန်းနို့ဆီတစ်မျိုးသာဝင်ဒီသီတင်းပတ်ဖြစ်တဲ့ မတ် ၂၅ ရက်မှ ၃၁ ရက်တာကာလအတွင်း နို့ဆီ/စိမ်း တန်ချိန် ၉၁ ဒသမ ၃၅ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ တစ်သိန်းကျော် ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီ တစ်ပတ်မှာ ဒွန်းနို့ဆီတစ်မျိုးသာ တင် သွင်းတာ တွေ့ရပါတယ်။ နို့စိမ်းက တင် သွင်းခြင်း မရှိခဲ့ပါဘူး။လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မတ် လရဲ့ နို့ဆီတင်သွင်းမှုက တန်ကိုးရာသုံး ဆယ်ကျော်ရှိခဲ့ပြီး ဖေဖော်ဝါရီလရဲ့ နို့ဆီ တင်သွင်းမှုက တန်ချိန် ကိုးရာ့ခြောက် ဆယ်ကျော်ရှိခဲ့တာကြောင့် မတ်လမှာ နို့ဆီ အဝင်လျော့ခဲ့ပါတယ်။ နို့စိမ်းက မတ်လမှာ တန် နှစ်ရာ့ခြောက်ဆယ် ကျော်ရှိခဲ့ပြီး ဖေဖော်ဝါရီလမှာ တန်ချိန် နှစ်ရာကျော်သာရှိခဲ့တာကြောင့် မတ်လ မှာ နို့စိမ်းအဝင်ပိုခဲ့ပါတယ်။ MIRT (DOT)နို့ဆီ၊ နို့မှုန့်၊ နို့စိမ်းအသွင်းစုံမတ် ၂၈ ရက်မှ ဧပြီ ၃ ရက်အတွင်း မှာတော့ နယ်စပ်စခန်းများမှ နို့မှုန့်၊ နို့စိမ်း၊ နို့ဆီအသွင်းစုံခဲ့ပါတယ်။ မူဆယ် မှ ကန်ဒေါ်လာ သုည ဒသမ ၂၇၃ သန်းတန်ဖိုးရှိ နို့မှုန့် ၉၆ တန်ခန့်နဲ့ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၆၁၄ သန်း တန်ဖိုးရှိ နို့စိမ်း ၆၅ တန် (၃၄၀၀ တာ) နဲ့ ကန် ဒေါ်လာ သုည ဒသမ ၀၅၂၃ သန်း တန်ဖိုးရှိ နို့ဆီ ၄၂ တန် (၂၂၀၀ တာ) အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က နို့ဆီတစ်မျိုးသာ နယ်စပ်မှအသွင်းရှိခဲ့ပြီး ယခုအပတ်မှာတော့ အမယ်သုံးမျိုးလုံး တင်သွင်းမှုရှိခဲ့တာဖြစ်ပါတယ်။ မတ်လ တစ်လလုံးမှာ နို့ဆီ ၉၅ တန်ခန့်၊ နို့စိမ်း ၃၄၁ တန်နဲ့ နို့မှုန့် တန် ၁၅၀ ကျော် နယ်စပ်စခန်းများမှ အသွင်းရှိခဲ့တာ ဖြစ်ပါတယ်။ MIRT (DOBT)ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း (နို့ဆီ) 650 680 ဒွန်း (နို့စိမ်း) 620 625 ဝမ်းတီးနို့ဆီ 640 660 အိုကေ(နို့ဆီ) 600 610 အိုကေ (နို့စိမ်း) 600 600
Background