ပြည်မြေပဲဆန် အရောင်းအဝယ်ပုံမှန်ရှိသော်လည်း ဈေးအနည်းငယ်ကျ

    ပြည်ဈေးကွက် မြေပဲဆန် ဈေးအနည်းငယ်ကျလာတာ တွေ့ရပါတယ်။ ဈေးကွက်ကို ကံမ၊ မင်းတုန်း၊ ပေါက်ခေါင်းဘက်မှ တစ်နေ့အိတ် ၁၀၀၀ ခန့်အဝင်ရှိပြီး၊ အရောင်းအဝယ်ဖြစ်သော်လည်း ဆီစက်များမှ လျှပ်စစ်မီး အလှည့်နဲ့လာပြီး၊ ဆီကြိတ်သင့် သလောက် မကြိတ်ရသဖြင့် မြေပဲဆန်ဈေးအနည်းငယ်ကျလာတာတွေ့ရပါတယ်။ မြေပဲ(ဆီဆန်)တစ်ပိဿာ ၁၄၇၅ ကျပ်နဲ့ လုံးဆန် တစ်ပိဿာ ၁၇၀၀ ကျပ်ဈေးဖြင့် ယခင်ပတ်ထက် ဈေးအေးလာတာ တွေ့ရပါတယ်။ဝေေ၀မင်း