Main menu

Background

ဝယ်လိုအား အလားအလာကြောင့် မလေးရှားစားအုန်းဆီ ကြိုပွိုင့်ဈေး ၁၃ လအတွင်း အမြင့်ဆုံးနီးပါးဖြစ်လာ

Sun, 04/08/2012 - 10:56 -- Anonymous (not verified)

    လာမယ့်လတွေမှာ ပဲပုပ်အထွက်လျော့ကျမယ့် မျှော်လင့်ချက်အရ စားအုန်းဆီ ကို ဝယ်လိုအားပိုကောင်း လာမယ့် အလားအလာရှိလာတဲ့အတွက် ကုန်သည်များ ဆက်လက်ရင်းနှီးမြှုပ်နှံကြကာ ဧပြီလ ၄ ရက်မှာ မလေးရှားစားအုန်းဆီကြိုပွိုင့် ဈေးက ၁၃ လအတွင်း အမြင့်ဆုံးနီးပါးမြင့်တက်လာခဲ့ပါတယ်။ အမေရိကန် စိုက်ပျိုး ရေးဌာနရဲ့ ဧပြီလ ၃ ရက်အစီရင်ခံစာအရတောင်သူများရဲ့ ပဲပုပ်စိုက်ပျိုးမှုက မျှော် မှန်းထားတာထက် နည်းနေခြင်းကြောင့် ကမ္ဘာ့ဆီထွက်သီးနှံရောင်းချမှုကို ပိုမိုနည်း စေပြီး စားအုန်းဆီဈေးက တစ်တန်ရင်းဂစ် ၃၅၀၀ (ကန်ဒေါ်လာ ၁၁၄၁) ကျော်တဲ့ အထိ မြင့်တက်အောင်အထောက်အပံ့ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။     ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇွန်လအခြေခံစံနှုန်း စားအုန်းဆီကြိုပွိုင့်ဈေး ဟာ သုည ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ရင်းဂစ် ၃၅၅၇ (ကန်ဒေါ်လာ ၁၁၆၁) ဖြစ်ခဲ့လို့ ယခင်နှစ်မတ်လမှာဖြစ်ခဲ့တဲ့ရင်းဂစ် ၃၅၇၄ (ကန်ဒေါ်လာ ၁၁၆၅) နီးပါးမြင့်တက်လာခဲ့ပါတယ်။ စားအုန်းဆီဈေးက တစ်တန်ရင်းဂစ် ၃၅၂၈ နဲ့ ၃၅၉၀ (ကန်ဒေါ်လာ ၁၁၅၀-၁၁၇၁) အကြားရှိနိုင်ပြီး၊ အဲဒီဈေးတန်းထက် နိမ့်လည်းမနိမ့် နိုင်သလို မြင့်လည်းမမြင့်နိုင်ဘူးလို့ ရိုက်တာဈေးကွက်သုတေသီ Wang Tao  မှ ပြောကြားပါတယ်။     ကမ္ဘာမှာ စားအုန်းဆီဒုတိယအများဆုံးထုတ်လုပ်တဲ့ မလေးရှားနိုင်ငံရဲ့ မတ်လ အတွင်းတင်ပို့မှုဟာ ၄ လ ဆက်တိုက်ကျ ဆင်းပြီးနောက် ယခင်လ ထက်မြင့်တက် လာခဲ့တယ်လို့ ကုန်ပစ္စည်းစစ်ဆေးတဲ့ အေဂျင်စီများရဲ့ စာရင်းအရသိရပါတယ်။ ဈေးကွက် ရင်းနှီးမြှုပ်နှံသူများဟာ စားဆီဈေးနှုန်းလားရာကိုခန့်မှန်းရာမှာ ထုတ်လုပ် မှုနဲ့ စားသုံးမှုတို့ကို ဆုံးဖြတ်နိုင်ဖို့အတွက် ဖေဖော်ဝါရီလမှာ တန်ချိန် ၂ သန်း အထက်ရှိနေတဲ့ မလေးရှားစားအုန်းဆီ လက်ကျန်အပေါ် အာရုံထားလာကြပါ တယ်။ မတ်လအတွက် လက်ကျန်ကို မလေးရှားစားအုန်းဆီအဖွဲ့မှ နောက် သီတင်း ပတ်မှာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။    ဆော်ဒီအာရေးဗီးယားက ရေနံထွက်ရှိမှုမြင့်တက်ဖွယ်ရှိခြင်းနဲ့ ရေနံဝယ်လိုအား ကျဆင်းဖွယ်ရှိခြင်းတို့ကြောင့် ဧပြီလ ၃ ရက်မှာ ရေနံဈေး ၁ စည် ၁၂၄ ဒေါ်လာ ကိုကျဆင်းခဲ့ပါတယ်။ အခြားဟင်းသီးဟင်းရွက်ဆီဈေးကွက်တွေမှာ မေလအတွက် ပဲပုပ်ဆီဈေးက သုညဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ တရုတ်မှ ဒေလီယံကုန်စည် ဒိုင်မှာလည်း ဈေးပြန်လည်မြင့်တက်ဖွယ်ရှိကြောင်းသိရပါတယ်။ယုဇန၊Source: Reuters